လိဒ်စ်နဲ့ပွဲမတိုင်မီ အားနည်းချက်ဖြစ်သွားနိုင်တဲ့ အခြေအနေကို သတိပေးခံရတဲ့ အာဆင်နယ်
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်စ် အသင်းနဲ့ရင်ဆိုင်ရမဲ့ အာဆင်နယ် အနေနဲ့ အားနည်းချက်တွေရှိလာနိုင်တယ်လို့ သတိပေးခံလိုက်ရပါတယ်။ သုံးပတ်ကြာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ် ပြန်လည်စတင်လာခဲ့ပြီး ဂန်းနား တွေဟာ စနေနေ့ အစောဆုံးပွဲစဉ်အဖြစ် နည်းပြ ဒန်နီရယ် ဖာကီ ရဲ့ လိဒ်စ် နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

