ဒန်နီအိုလ်မိုရဲ့အခြေအနေကို စောင့်ကြည့်နေကြတဲ့ ပီအက်စ်ဂျီ၊ အာဆင်နယ်နှင့် မန်စီးတီး
ကစားသမားရဲ့စာရင်းသွင်းမှုနှင့်ပတ်သက်ပြီး မသေချာမှုများရှိနေတာကြောင့် ပီအက်စ်ဂျီဟာ ဘာစီလိုနာတိုက်စစ်မှူးကို ဆက်သွယ်လာတဲ့ နောက်ဆုံးအသင်းလည်းဖြစ်ပါတယ်။
ကစားသမားရဲ့စာရင်းသွင်းမှုနှင့်ပတ်သက်ပြီး မသေချာမှုများရှိနေတာကြောင့် ပီအက်စ်ဂျီဟာ ဘာစီလိုနာတိုက်စစ်မှူးကို ဆက်သွယ်လာတဲ့ နောက်ဆုံးအသင်းလည်းဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင်အွန်နရီက မန်စီးတီးအသင်းကွင်းလယ်ကစားသမားရိုဒရီကို ပက်ဂွါဒီယိုလာအသင်းရဲ့ အသည်းနှလုံးအဖြစ် တင်စားရင်း ၂၀၂၄ ခုနှစ်၊ ဘော်လွန်းဒီအော်ဆုရှင်အဖြစ် ရွေးချယ်သတ်မှတ်ပေးခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားအတွက် ရွေးချယ်ချီးမြှင့်လေ့ရှိပြီး ၆၈ ကြိမ်မြောက် ဆုပေးပွဲကိုတော့ လာမဲ့အောက်တိုဘာ ၂၈ ရက်၊ ပါရီမြို့မှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ဘော်လ်တန်ကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယခုပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းပြသခဲ့တဲ့ အသင်းရဲ့ လူငယ်ကစားသမားလေးတွေကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ချဲလ်ဆီးအသင်း ရဲ့တောင်ပံကစားသမား စတာလင် ကို တစ်ရာသီ အငှားနဲ့ စာချုပ်ချုပ်ခေါ်ယူ နိုင်ခဲ့ပါတယ်။ စတာလင် ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ရာ လစာ လျော့ယူဖို့ ဆုံးဖြတ်ခဲ့သလို ဆော်ဒီကလပ် အသင်းတစ်သင်း ရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ပယ်ချခဲ့ပါတယ်။
နာမည်ကျော် သတင်းထောက် အော်စတိန်း ကတော့ အာဆင်နယ်အသင်းဟာ ဈေးကွက် မပိတ်မီ အရန်တောင်ပံ ကစားသမားတစ်ဦး ခေါ်ယူဖို့အလိုရှိနေပြီး ပရိသတ်တွေ တောင်းဆိုနေကြတဲ့ နီကို ဝီလီယံ ကတော့ ဖြစ်နိုင်ချေ မရှိဘူးလို့ ဆိုလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဝုလ်ဗ် အသင်းကနေ ပေါ်တူဂီလက်ရွေးစင် တောင်ပံကစားသမား ပတ်ဒရို နက်တိုကို ယူရိုသန်း ၆၀ ၊ ၇နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဘယ်တောင်ပံမှာ လုံးဝ အားထားမရတဲ့ ရာဟင်း စတာလင် ၊ မစ်ခ်ဟိုင်းလို မူဒရစ်တို့ကို တနည်းအားဖြင့် တပ်လှန့်လိုက်တာလည်း ဖြစ်ပါတယ်။