ရူဘင်အာမိုရင်

ယူနိုက်တက်မှ အထုတ်ခံရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို အာမိုရင်ပြန်လည်တုံ့ပြန်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူရိုပါလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်ခဲ့ပါက အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ လာမဲ့ကြာသပတေးနေ့နံနက်မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမှုကို အဆိုပါဆုဖလားနဲ့ ပြန်လည်ချေဖျက်နိုင်ဖို့ ကြိုးစားသွားရပါမယ်။

အပြည့်အစုံဖတ်ရန်
ဒေးဗစ်ဘက်ခမ်း

အာမိုရင်လက်ထက်မှာ ယူနိုက်တက် အောင်မြင်မှုတွေပြန်ရလိမ့်မယ်လို့ အခိုင်အမာဆိုလာတဲ့ ဘက်ခမ်း

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်းက အသင်းဟာ နည်းပြရူဘင်အာမိုရင် လက်ထက်မှာ အောက်မြင်မှုတွေ ပြန်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပြီး ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို မရောင်းဖို့ သတိပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရွိုင်ကိန်း

ချဲလ်ဆီးနဲ့ပွဲက ယူနိုက်တက်ကြယ်ပွင့် သုံးဦးကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

ယူနိုက်တက်ဟာ သောကြာညက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပရီးမီးယားလိဂ်ရာသီရဲ့ ၁၈ ကြိမ်မြောက် ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီး လာမဲ့ရက်သတ္တပတ် တော့တင်ဟမ်နဲ့ ကစားမဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အလွန်ညံ့ဖျင်းတဲ့ အကြိုပြင်ဆင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အိုနာနာရဲ့နေရာကို အစားထိုးဖို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ အာမိုရင်

အိုနာနာရဲ့နေရာကို အစားထိုးဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အာမိုရင်

အန်ဒရေအိုနာနာဟာ ယူနိုက်တက်နဲ့အတူ အမှားအယွင်းများတဲ့ နောက်ထပ်ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ရူဘင်အာမိုရင်က ဘယင်ဒါကို ပိုမိုအခွင့်အရေး ပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်

ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပေမဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ဆိုတဲ့ အာမိုရင်

စနေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ခါးသီးပြိုင်ဘက် ချဲလ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အသင်းနည်းပြ ရူဘင်အာမိုရင်ကတော့ ကစားသမားတွေရဲ့ ယှဉ်ပြိုင်လိုစိတ်တဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆာဂျင်မီကို ယူနိုက်တက်စတားတွေ ဒေါသ

ယူရိုပါလိဂ်ဖိုင်နယ်အတွက် ထောက်ပံ့ပေးမှုအနည်းငယ်သာပေးခဲ့တဲ့ ဆာဂျင်မီကို ယူနိုက်တက်စတားတွေ ဒေါသထွက်နေ

ယူနိုက်တက်စတားတွေဟာ ယူရိုပါလိဂ်ဖိုင်နယ်အတွက် ကစားသမားတွေရဲ့မိသားစုဝင်တွေအတွက် လက်မှတ် ၂ စောင်နှုန်းသာ ထောက်ပံ့ပေးခဲ့တဲ့ အမှုဆောင် ဆာဂျင်မီကို ဒေါသထွက်နေတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရူနိုဖာနန်ဒက်စ်

ယူရိုပါလိဂ်အတွက်ပဲ အာရုံစိုက်နေလို့မရကြောင်း ဝန်ခံပြောကြားလာတဲ့ ဖာနန်ဒက်စ်

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၀-၂ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ ယူရိုပါလိဂ်အတွက်ပဲ အာရုံစိုက်နေလို့မရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဖာနန်ဒက်စ်

ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ယူနိုက်တက်ထံ မြင့်မားတဲ့တန်ကြေးနဲ့ ကမ်းလှမ်းလာတဲ့ အယ်လ်ဟီလယ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ မြင့်မားတဲ့တန်ကြေးနဲ့ ကမ်လှမ်းမှုပြုလုပ်လာခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်

ယူနိုက်တက်က ချန်ပီယံလိဂ်အတွက် အဆင်သင့်မဖြစ်သေးကြောင်း အာမိုရင်ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့သာမက ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်လည်း အဆင်သင့်မဖြစ်သေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဂွါရီ

ကစားသမားတွေဟာ ရှုပ်ထွေးမှု အတွက် တာဝန်မယူခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ မက်ဂွါရီ

ဟယ်ရီ မက်ဂွါရီက ယူနိုက်တက်ကစားသမားတွေဟာ ဒီရာသီ အိုးလ်ထရက်ဖို့ဒ်က ရှုပ်ထွေးမှု အတွက် သူတို့ရဲ့ တာဝန်ယူရမယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နိုဝင်ဘာလမှာ အဲရစ်တန်ဟက်နေရာကို ရူဘင်အမ်မိုရင် လာရောက်တာဝန်ယူချိန်မှာ သူ့ရဲ့ နည်းစနစ်နဲ့ လိုက်လျောညီထွေ မဖြစ်ခဲ့ကြလို့ပါ။

အပြည့်အစုံဖတ်ရန်