အဲဗာတန်နဲ့ ဂိုးမရှိသရေကျပြီးနောက် နိုင်ပွဲရော ဂိုးပါပျောက်ဆုံးနေပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတဲ့ တော့တင်ဟမ် ဟော့စပါး

တော့တင်ဟမ် အဲဗာတန် ပွဲပြီးသုံးသပ်ချက်

တော့တင်ဟမ် ရဲ့ ပရီးမီးယားလိဂ်ရာသီအစ နိုင်ပွဲမရ၊ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးဟာ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးတဲ့ အဲဗာတန် နဲ့ ဂိုးမရှိသရေကျပြီးနောက် ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ဒါဟာ စပါး အနေနဲ့ ရာသီအစ လိဂ်အဖွင့် ၄ ပွဲစလုံး ဂိုးမသွင်းနိုင်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ဆုံးသွင်းခဲ့တဲ့ ပရီးမီးယားလိဂ်ဂိုးကနေ မိနစ်ပေါင်း ၄၀၀ ကျော်အထိ ဂိုးပေါက်ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က နော်တင်ဟမ်ဖောရက်စ် ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် အခုပွဲဟာလည်း နည်းပြ ရောဘတ်တို ဒီ ဇာဘီ ရဲ့ ငွေကြေးအမြောက်အမြား အကုန်အကျခံတည်ဆောက်ထားတဲ့ လူစာရင်းသစ်အတွက် သွားမရှိတဲ့တိုက်စစ်လို ခြေစွမ်းပြသမှုတစ်ခုသာ ဖြစ်ခဲ့ပြီး ပွဲပြီးခရာမှုတ်ချိန်မှာတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုကို ခံခဲ့ရပါတယ်။

စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အိမ်ကွင်းပရိသတ်တွေဟာ သူတို့အသင်းရဲ့ ဂိုးပေါက်တည့်ကန်ချက် ၂ ကြိမ်သာရှိခဲ့တာကို တွေ့မြင်ခဲ့ရပြီး ဒုတိယပိုင်းမှာကန်တင်ခဲ့တဲ့ မာတေးယုစ် ဖာနန်ဒက်စ် ရဲ့ အားမပါတဲ့ ကန်ချက်ကိုတောင် လှောင်ပြောင်အားပေးတဲ့ အသံတွေနဲ့ ကြုံတွေ့ခဲ့ရသလို ကြီးမားတဲ့ ဂိုးရပေါက် အခွင့်အရေး ၁ ကြိမ်သာ ဖန်တီးနိုင်ခဲ့ပြီး မျှော်မှန်းဂိုးရလဒ် ၀.၆၄ သာ ရရှိခဲ့ပါတယ်။

အဲဗာတန် ဘက်က ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံး အဝေးကွင်းနိုင်ပွဲရယူဖို့ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ စပါး ကစားသမားဟောင်း တောင်ပံလူ ဘရန်နန် ဂျွန်ဆင် က ဒုတိယပိုင်း အခွင့်အရေးကောင်းတစ်ခုကို ဘားပေါ်ကျော် ကန်တင်ခဲ့သလို အစောပိုင်းမှာလည်း စပါး ဂိုးသမား အန်တိုနင် ကင်စကီး က ကီယာနန် ဒူးစ်ဘူရီ-ဟောလ် ကို အဖွင့်ဂိုးလက်ဆောင်ပေးလုနီးပါး အမှားအယွင်း ဖြစ်ခဲ့ပါတယ်။

အိမ်ရှင်အသင်းက အဖွင့် ၁၀ မိနစ်အတွင်း ကန်ချက် ၄ ကြိမ်အထိပြုလုပ်ပြီး ဖိအားပေးခဲ့တာကို အဲဗာတန်တို့ ကြံ့ကြံ့ခံနိုင်ခဲ့သလို နောက်ခံလူ ယန် ပေါလ် ဗန် ဟက်ကီ ရဲ့ အနီးကပ်အခွင့်အရေး လွဲချော်မှုလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီနောက်ခံလူရဲ့ ၅ မိနစ်မှာ ကန်သွင်းခဲ့တဲ့ အားထုတ်မှုဟာ တော့တင်ဟမ် အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပြီး နည်းပြ ဒီ ဇာဘီ ရဲ့ အသင်းဟာ နှစ်ပေါင်း ၂၀ အတွင်း ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့တဲ့ ပထမဆုံး စပါး အသင်း ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒါဟာ တော့တင်ဟမ် ဟော့စပါး ကွင်းသစ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း ၁၄၀ ပြည့်မြောက်ချိန်မှာ ပထမဆုံးအကြိမ် ဂိုးမရှိသရေကျခဲ့တဲ့ ပွဲဖြစ်သလို ၂၀၁၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ပြိုင်ပွဲအတွင်း အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ၀-၀ သရေရလဒ် ပြန်လည်ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *