ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ (မေ ၃၁၊ ၂၀၂၅) တွင် အယ်လ်ဟီလာလ် နှင့် ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့် ပထမဆုံးပွဲစဉ် ကစားခြင်းဖြင့် အလွန်ဆိုရဲ့ ခေတ်သစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ နည်းပြချုပ်သစ် အလွန်ဆိုဟာ ပထမဆုံးပွဲစဉ်ကို ကိုင်တွယ်မှာဖြစ်ပြီး သူကတော့ စတင်ရန် စိတ်အားထက်သန်နေပါတယ်။
သူတစ်ဦးတည်း စိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ ကစားသမားတွေကလည်း အရမ်းကိုကောင်းမွန်နေကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း Diario AS က ဖော်ပြထားပါတယ်။
“အံ့မခန်းအဆင့်တစ်ခုကို အဆုံးသတ်ပြီးနောက် ကစားသမားတွေ စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေကြတယ်လို့ ကျွန်တော် ခံစားရပါတယ်။ မျက်နှာသစ်ကစားသမားတွေရှိတယ် အစက ကောင်းခဲ့တယ်။ အချိန်ကိုက်တာက လူတိုင်းအတွက် ကောင်းပါတယ်။ ကွင်းထဲမှာ ပြသရမှာပေါ့။ မနက်ဖြန် စတင်ပါပြီ” လို့ ပြောပါတယ်။
အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ရှိ သူ့ရဲ့ ပထမဆုံး ရက်သတ္တပတ်အနည်းငယ်ကို ဖော်ပြခဲ့ပြီး လေဗာကူဆင် မှ သူရောက်ရှိလာခြင်းမတိုင်မီ ပြင်ဆင်မှုများအတွက် ရှေ့ကနည်းပြကိုလည်း ချီးကျူးခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီမှာ ရက်အတော်ကြာ ရှိနေပါပြီ၊ တဖြည်းဖြည်းနဲ့ လူတွေကို ပြန်လည်ရရှိနေပါပြီ။ နိုင်ငံတကာပွဲကစားသမားတွေက တစ်မျိုး၊ အမေရိကန်ပြည်ထောင်စုမှာ နောက်ပိုင်းမှ ကစားခဲ့သူတွေက နောက်တစ်မျိုးပါ။ ဒါပေမဲ့ အကွာအဝေးကို ကာမိတာ၊ နေရာယူတာ။ ဒါတွေက ကျွန်တော်တို့ကို ပိုကောင်းစေလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်နေရာမှာ ရှိသင့်တယ်ဆိုတာ သိတာ၊ နေရာယူတာ၊ ပိုပြီး စည်းလုံးတဲ့ အသင်းဖြစ်တာပါ”
“နေ့စဉ်နဲ့အမျှ အရမ်းကောင်းပါတယ်၊ တစ်ဦးချင်း အရည်အသွေးကလည်း ကြီးမားပါတယ်။ ဒါကို ကျွန်တော် သိပြီးသားပါ။ အခုတော့ အလုပ်လုပ်ရုံပါပဲ။ ရီးရဲလ်မက်ဒရစ်သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြဖြစ်တဲ့ အန်ဆယ်လော့တီရဲ့ လုပ်ဆောင်ချက်ကို ကျွန်တော် လေးစားတန်ဖိုးထားပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ နောက်ထပ်အဆင့်တစ်ခုကို စတင်နေပါပြီ၊ ဒါဟာ ကျွန်တော်တို့ရဲ့ ပုံစံဖြစ်ပါလိမ့်မယ်။ အရမ်းကောင်းတဲ့ အခြေခံကနေ စတင်နေပေမဲ့ပေါ့” လို့ အလွန်ဆိုက ပြောပါတယ်။ အလွန်ဆိုက သူ့အသင်း အောင်မြင်ရန် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။
“ဒီနေ့ခေတ်မှာ ဟန်ချက်ညီမှု ရှိနေဖို့က မရှိမဖြစ်ပါပဲ။ ကတိကဝတ် ရှိနေဖို့နဲ့ လူတိုင်း အဆင့်တိုင်းမှာ ပါဝင်ဖို့ပါ။ ကျွန်တော်တို့ အတူတူရှိတဲ့ အသင်းကို လိုချင်တယ်၊ ကျွန်တော်တို့ ပြောထားပြီးပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်တော်တို့အတွက် ပိုပြီး လွယ်ကူစေမှာပါ။ ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့မှာ ကျွန်တော်တို့ စတင်ခဲ့တဲ့ အသင်းထက် ပိုကောင်းတဲ့ အသင်းဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အမှားတွေကို ပြင်ဆင်သွားမှာပါ။ စတင်မယ့်နေ့က မနက်ဖြန်ပါပဲ။ ကျွန်တော်တို့ ဘယ်မှာ အဆုံးသတ်မလဲဆိုတာ ကြည့်ရတာပေါ့” လို့ သူက ပြောထားပါတယ်။
အလွန်ဆို ရဲ့ ပထမဆုံးပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်မှာ စိတ်လှုပ်ရှားမှုတွေ အများကြီး ရှိနေပြီး ဗုဒ္ဓဟူးနေ့မှာ အယ်လ်ဟီလာလ် ကို အနိုင်ယူဖို့ အားသာချက် ရှိနေပါတယ်။ သို့သော် အမ်ဘာပေ မကစားနိုင်ခြင်းက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။
Source : football-espana.net