ပီအက်စ်ဂျီ ၄ – ၀ အင်မတာမိုင်ယာမီ (ပွဲပြီးရလဒ်)
ပီအက်စ်ဂျီအသင်းက ပထမပိုင်းမှာတင် မက်ဆီပါဝင်တဲ့အင်တာမိုင်ယာမီအသင်းကို ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာတော့ လူစားလဲမှုတွေ ပြုလုပ်ပြီး အနိုင်ကိုထိန်းကစားကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက အခွင့်အရေးတွေ အများအပြားရခဲ့ပေမဲ့ အင်တာမိုင်ယာမီဂိုးသမား အူစတာရီ လက်စွမ်းပြနေတာကြောင့်သာ ဒီထက်ဂိုးပိုမပြတ်ခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီကတော့ ဒုတိယပိုင်း ပီအက်စ်ဂျီ ကစားအားချလိုက်ချိန်မှာ အခွင့်အရေးအချို့ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးပြတ်ရှုံးပွဲတွေ့ကာ ၁၆-သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
Source : https://portaldozacarias.com.br/