Emmy Awards 2025 အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နိုင်ခြင်း မရှိခဲ့တဲ့ ‘Squid Game’ Season 2

'Squid Game' Season 2

Netflix ရဲ့အကျော်ကြားဆုံး ရုပ်ရှင်စီးရီး ‘Squid Game’ Season 2 ဟာ အမေရိကန်ပြည်ထောင်စုမှာ အကျော်ကြားဆုံးရုပ်မြင်သံကြားဆုပေးပွဲဖြစ်တဲ့ Primetime Emmy Awards 2025 အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဇူလိုင်လ ၁၅ ရက်က ကြေညာတဲ့ ၇၇ ကြိမ်မြောက် Primetime Emmy Awards အတွက် လျာထားခံရသူများ စာရင်းမှာ ‘Squid Game’ ဟာ ထူးချွန်ဒရာမာစီးရီးလို အဓိကဆုစာရင်းထဲမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ Forbes သတင်းဌာနရဲ့အဆိုအရ ‘Squid Game’ ဟာ ဇာတ်ကား၊ သရုပ်ဆောင်၊ ထုတ်လုပ်မှုဒီဇိုင်း၊ ရုပ်ထွက်ဓာတ်ပုံနဲ့ စတန့်စွမ်းဆောင်ရည်တွေ အပါအဝင် ဆုအမျိုးအစားများစွာအတွက် ဆန်ကာတင် ပါဝင်နိုင်ခြေရှိတယ်ဆိုပြီးနာမည်ကြီးခဲ့ပေမဲ့ တရားဝင်ထုတ်ပြန်ခဲ့တဲ့ ဆန်ကာတင်ဇာတ်ကားစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က ထွက်ရှိတဲ့ ‘Squid Game’ Season 1 ဟာ ထူးချွန်ဒရမ်မာစီးရီးဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ သရုပ်ဆောင်ဆုနဲ့ ဇာတ်ပို့/သရုပ်ဆောင်ဆု အပါအဝင် Emmy ဆန်ခါတင်စာရင်း ၁၄ ခုထိ ဝင်ရောက်နိုင်ခဲ့ပြီး Emmys ဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းထဲ အများဆုံးဝင်တဲ့ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဒရာမာတစ်ကားအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၀၂၅ ခုနှစ် ဇွန်လက ထွက်ရှိခဲ့တဲ့ Squid Game Season 3 ကတော့ လာမဲ့နှစ် Emmys အတွက် အရည်အချင်းပြည့်မီပြီး ဆန်ကာတင်စာရင်းထဲ ဝင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Squid Game

Source : tribune.com.pk

Leave a Reply

Your email address will not be published. Required fields are marked *