အာဆင်နယ်နည်းပြ မီကယ်အာတီတာက မနေ့ည အမ်းမရိတ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် အသင်းရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ ဘူကာယို ဆာကာကို “မယုံနိုင်စရာ” လို့ ချီးကျူးခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ လီဗာပူးကို ကျော်ဖြတ်ပြီး နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ အာတီတာက ဒီနိုင်ပွဲနဲ့ပတ်သက်ပြီး “နောက်ဆုံး ၂ ပွဲကတော့ အထူးခြားဆုံးပါပဲ။ နယူးကာဆယ်က အရင်က မှတ်တမ်းဆိုးတွေရှိခဲ့ပြီး သင်ခန်းစာယူစရာတွေအများကြီးရှိခဲ့ပေမဲ့ ကျွန်တော်တို့ မှန်မှန်ကန်ကန်လုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ပြီးခဲ့တဲ့ ၂ ရာသီက ရှုံးနိမ့်ခဲ့တာတွေရှိခဲ့ပါတယ်။ ဒါက အခွင့်အရေးကြီးတစ်ခုဖြစ်တယ်လို့ ကျွန်တော်သူတို့ကိုပြောခဲ့ပါတယ်။
ဒီရာသီအစကတည်းက ကျွန်တော်တို့မှာ ခက်ခဲတဲ့ပွဲစဉ်တွေရှိခဲ့သလို ဒဏ်ရာရရှိခဲ့တဲ့ ကစားသမားတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းကကောင်းကောင်းကစားနိုင်ခဲ့တယ်၊ ဒီနေ့မှာလည်း ဂိုးမပေးရဘဲ လုံးဝအနိုင်ရခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် ဒီလိုစိတ်ဓာတ်နဲ့ရှိနေတာက ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
အာတီတာက ပယ်နယ်တီ သွင်းယူခဲ့တဲ့ ဆာကာအပေါ် “အဲဒီကိန်းဂဏန်းတွေကိုကြည့်ရင် ၂၀၀ ပွဲ၊ ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ဆိုတာ မယုံနိုင်စရာပါပဲ။ သူရဲ့အသက်၊ သူလုပ်ဆောင်နေတဲ့အရာတွေ၊ သူလုပ်ဆောင်နေတဲ့ပုံစံတွေက တကယ်ကိုစွဲမက်စရာပါပဲ။ ဒါက ကျွန်တော်တို့လိုချင်တဲ့ရလဒ်တွေကိုရရှိဖို့လိုအပ်တဲ့ ကစားသမားမျိုးပါ”လို့ ပြောခဲ့ပါတယ်။
Source : https://www.fotmob.com