ပြိုင်ဘက် ယာမယ်လ်ကို မီဒီယာဝေဖန်မှုတွေကနေ ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ယာမယ်လ်ကို ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေက ပြိုင်ဘက် ဘာစီလိုနာကစားသမား လမိုင်းယာမယ်လ်အတွက် ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ အာရုံစိုက်မှုတွေခံနေရတာဖြစ်ပါတယ်။ အမ်ဘာပေက “လူတွေက သူ့ကိုလွှတ်ပေးထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတွေက သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပြောနေကြပါတယ်၊ ဒါပေမဲ့ ကျန်တဲ့အပိုင်းကတော့ သူ့ရဲ့ဘဝပါပဲ” လို့ပြောခဲ့ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်က ယာမယ်လ်ဟာ အရမ်းကိုငယ်သေးတယ်ဆိုတာကို ဝန်ခံခဲ့ပြီး “သူက ကောင်းမွန်တဲ့ဘောလုံးသမားတစ်ယောက်ပါ၊ ဒါပေမဲ့ ဘဝမှာတော့ သူက ၁၈ နှစ်အရွယ်ကလေးတစ်ယောက်ပါ။ အသက် ၁၈ နှစ်မှာ လူတိုင်းက အမှားတွေလုပ်ကြပါတယ်” လို့ထပ်ပြောခဲ့ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးလာခဲ့တဲ့ အမ်ဘာပေက ယာမယ်လ်ရဲ့ ကိုယ်ရေးကိုယ်တာဘဝထက် ဘောလုံးကွင်းပေါ်က စွမ်းဆောင်ရည်တွေကိုသာ အာရုံစိုက်သင့်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

ယာမဲလ်ဟာ ဘာစီလိုနာနဲ့ စပိန်အမျိုးသားအသင်းတို့အကြား ကြံ့ခိုင်မှုဆိုင်ရာအငြင်းပွားမှုတွေအပြင် မီဒီယာတွေရဲ့ဝေဖန်မှုတွေကိုပါ ရင်ဆိုင်နေရပါတယ်။ တစ်ချိန်တည်းမှာပဲ အမ်ဘာပေကလည်း ပြင်သစ်အသင်းအတွက်ကစားနေရင်း ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *