မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကွင်းလယ်လူ ရိုဒရီအပေါ် စိတ်ရှည်သည်းခံဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။ ရိုဒရီဟာ မကြာခင် အကောင်းဆုံးပုံစံကို ပြန်ရောက်လာမှာသေချာပေမဲ့ ရေရှည်ဒဏ်ရာကနေ ပြန်လာတာဖြစ်လို့ ဂရုစိုက်ပြီး ကိုင်တွယ်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။
ဘော်လွန်းဒီအော်ဆုရှင် ရိုဒရီဟာ ပြီးခဲ့တဲ့လအတွင်း ဘုန်းမောက်နဲ့ပွဲမှာပဲ လူစားဝင်အဖြစ် ခဏတာကစားခဲ့ရတာပါ။ တနင်္ဂနွေနေ့ လီဗာပူးနဲ့ ကစားမဲ့ပွဲမှာလည်း ရိုဒရီ ပါဝင်နိုင်မလားဆိုတာ မသေချာသေးတဲ့ အခြေအနေဖြစ်နေပါတယ်။
ဂွါဒီယိုလာက “ကျွန်တော် ရာနှုန်းပြည့် ယုံကြည်ပါတယ်။ သူ ပြန်လာမှာပါ၊ ကစားနိုင်မှာပါ။ သူ့ရဲ့ အဆင့်အတန်းကို ပြန်ရောက်ဖို့ အချိန်နည်းနည်းတော့ ယူရမှာပေါ့။ ဒါပေမဲ့ သူ ကိုယ်ခန္ဓာပိုင်းအရ အဆင်သင့်ဖြစ်နေဖို့ ကျွန်တော်တို့သေချာအောင် လုပ်ရပါမယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက “ရိုဒရီက တစ်ပတ်ကို တစ်ပွဲတော့ ကစားနိုင်ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေပွဲ၊ အဲဒီနောက် အင်္ဂါပွဲ၊ ပြီးတော့ စနေပွဲ ထပ်ကစားရတဲ့အခါ အဲဒါက တခြား ပြိုင်ပွဲတစ်မျိုးပါပဲ။ ကစားသမားတစ်ယောက်ဟာ ဒဏ်ရာရှည် ရဖူးတဲ့အခါ နောက်တစ်နှစ်မှာ ပြဿနာသေးသေးလေးတွေ အမြဲရှိနေတတ်တယ်။ ကျွန်တော်တို့ ဒါတွေကို ရှောင်ရှားဖို့ ကြိုးစားပေမဲ့ ဖြစ်မြဲ ဖြစ်နေပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
Source : https://ca.sports.yahoo.com




