ဝရက်ဇ်ဟမ်းအသင်းအပေါ် Sky Sports ရဲ့ ဘက်လိုက်မှုက ဘောလုံးလောကအတွက် စိုးရိမ်စရာဖြစ်လာ

ဝရက်ဇ်ဟမ်းနှင့် Sky Sports ဝေဖန်ချက်

ရိုင်ယန် ရေးနိုးစ် (Deadpool မင်းသား ) က ဝရက်ဇ်ဟမ်းနဲ့ ဆွမ်ဆီးပွဲကို ဝေဖန်သုံးသပ်နေတုန်းမှာ ဒီအစီအစဉ်က နာရီပေါင်း ၂၀ ကြာသလို ခံစားရလိမ့်မယ်လို့ နောက်ပြောင်ခဲ့ပါတယ်။ တကယ်လည်း သူပြောတာ မှန်သွားခဲ့ပါတယ်။ Sky Sports ဟာ ဝရက်ဇ်ဟမ်းအသင်းကို ဘယ်လိုစစ်ဆေးဝေဖန်မှုမျိုးမှမရှိဘဲ တစ်ပွဲလုံး သူတို့အသင်းအကြောင်းချည်းပဲ ဝါဒဖြန့်ခွင့် ပေးထားခဲ့သလိုပါပဲ။

ပိုင်ရှင်တွေဖြစ်တဲ့ ရေးနိုးစ်နဲ့ မက်အယ်ဟန်နီတို့ဟာ အသင်းနဲ့ လူထုအတွက် ကောင်းမွန်တဲ့ခေတ်သစ်တစ်ခုကို တည်ဆောက်နေတာကြောင့် ချီးကျူးထိုက်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သောကြာနေ့ညက မြင်တွေ့ခဲ့ရတာတွေက ဘောလုံးလောကအတွက် စော်ကားသလို ဖြစ်နေပါတယ်။ Sky Sports ဟာ ဝရက်ဇ်ဟမ်းအပေါ် ဘက်လိုက်လွန်းပြီး အသင်းကိုကြွားဝါလွန်းတဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ်တစ်ခုလို လုပ်ဆောင်ပေးခဲ့ပါတယ်။ ရုပ်သံလွှင့်သူတွေအနေနဲ့ မျှတမှုရှိရမဲ့တာဝန်ကို လုံးဝလျစ်လျူရှုခဲ့ကြတာပါ။

ပွဲစဉ်အတွင်းမှာ ပိုင်ရှင်တွေ ဘယ်လောက်တော်ကြောင်း၊ တိုက်စစ်မှူး ကီဖာ မိုးရ် က ဘယ်လောက် ချောမောကြောင်းနဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ဝရက်ဇ်ဟမ်းမြို့မှာ ဘယ်သူမှ မပြုံးတတ်ကြသလိုမျိုး ပြောဆိုမှုတွေကို နားထောင်ခဲ့ရပါတယ်။ ဒါဟာ ဘက်မလိုက်တဲ့ ရုပ်သံလွှင့်မှုမျိုး မဟုတ်တော့ဘဲ အသင်းပိုင် ရုပ်သံလိုင်းတစ်ခုကို ကြည့်နေရသလိုပါပဲ။ ဆွမ်ဆီးအသင်း ၂-၀ နဲ့ ရှုံးနိမ့်သွားတဲ့အပေါ်မှာလည်း ဘာမှထည့်သွင်းပြောဆိုတာမျိုး မရှိသလောက်ပါပဲ။

ဒါဟာ ဖျော်ဖြေရေးလုပ်ငန်းက ဘောလုံးလောကအပေါ် လွှမ်းမိုးလာတဲ့ နောက်ထပ် သာဓကတစ်ခုပါပဲ။ ပရိသတ်တွေအတွက်တော့ ဒီလိုအပြောင်းအလဲတွေက နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ ရုပ်သံအချိန်ဇယားတွေကြောင့် ပွဲကစားမဲ့အချိန်တွေ ခဏခဏ ပြောင်းလဲတာမျိုးတွေက ကွင်းလာကြည့်တဲ့ ပရိသတ်တွေကို ဒုက္ခပေးနေပါတယ်။ အားကစားကို အခြေခံတဲ့ မျှတတဲ့ တင်ဆက်မှုတွေကိုပဲ ပရိသတ်တွေက လိုလားကြတာပါ။ Sky Sports အနေနဲ့ တစ်ဖက်သတ် တင်ဆက်မှုတွေကို ပရိသတ်ချန်နယ်တွေဆီမှာပဲထားရှိပြီး သူတို့ဆီမှာတော့ အခပေးကြည့်ရှုသူတွေအတွက် မျှတပြီးအသိပညာပေးနိုင်တဲ့ တင်ဆက်မှုမျိုးကိုပဲ လုပ်ဆောင်သင့်ပါတယ်။

Source : https://www.dailymail.co.uk

Leave a Reply

Your email address will not be published. Required fields are marked *