ဂျူလီယန် အယ်လ်ဗာရက်ဇ် ၊ အီလီ ဂျူနီယာ ခရူးပီ နဲ့ ဗင်နီစီးယပ်စ် ဂျူနီယာ တို့ကို ဆက်လက်ပစ်မှတ်ထားနေတဲ့ အာဆင်နယ်

အာဆင်နယ် ပစ်မှတ် ဗင်နီစီးယပ်စ်၊ အယ်လ်ဗာရက်ဇ်နဲ့ ခရူးပီ

ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမားနှစ်ယောက်စလုံးကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ အာဆင်နယ် အသင်းဟာ ဗင်နီစီးယပ်စ် ဂျူနီယာ နဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ် တို့ကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းလာနိုင်ပါတယ်။

သတင်းတွေအရ ဂန်းနား တွေဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုရှိခဲ့တဲ့ ဗင်နီစီးယပ်စ် ဟာ စပိန်ကလပ်က ဒီဘရာဇီးလ်သားကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရီးရဲလ် မက်ဒရစ် နဲ့ ပိုမိုကောင်းမွန်တဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ် ကလည်း သူအလိုချင်ဆုံးဖြစ်တဲ့ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် အက်သလက်တီကို မက်ဒရစ် မှာပဲ ဆက်ရှိနေခဲ့သလို အာဆင်နယ် အနေနဲ့လည်း သူ့ကို လန်ဒန်မြောက်ပိုင်း ဆီ လာရောက်ဖို့ စည်းရုံးနိုင်ခဲ့ခြင်း မရှိပါဘူး။

အကယ်၍ ဒဏ်ရာပြဿနာတွေကြောင့် နည်းပြ မီခေးလ် အာတီတာ ရဲ့ တိုက်စစ်ပိုင်း ရွေးချယ်စရာတွေ နည်းပါးသွားခဲ့မယ်ဆိုရင် အာဆင်နယ် ဟာ ဇန်နဝါရီလမှာ ကစားသမားနှစ်ဦးစလုံးအတွက် ပြန်လည်လှုပ်ရှားလာနိုင်တယ်လို့ The Independent က ဖော်ပြထားပါတယ်။

ရာသီကြို ကာလမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ခြေစွမ်းပြမှုတွေ ရပ်တန့်သွားခဲ့ရတဲ့ ဘုန်းမောက် တိုက်စစ်မှူး အီလီ ဂျူနီယာ ခရူးပီ ဟာလည်း သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ဆက်လက်ရှိနေဖွယ် ရှိနေပါတယ်။

Source : https://www.standard.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *