ကွင်းလယ်ကို ပေါင် ၄၅၈ သန်းဖိုး အပြောင်းအလဲလုပ်ခဲ့ပေမဲ့ ဟာလန်း အတွက် အရန်တိုက်စစ်မှူးခေါ်ဖို့ မန်စီးတီး မေ့လျော့ခဲ့သလား

မန်စီးတီး အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာစီးတီး အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ် စံချိန်တင် ပေါင် ၄၅၈ သန်းအထိ သုံးစွဲပြီး အသင်းကို လုံးဝအသစ်ဖြစ်သွားအောင် ပြင်ဆင်ဖွဲ့စည်းခဲ့သလို ကွင်းလယ်ပိုင်းကိုလည်း လုံးဝအသစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲလိုက်ပါတယ်။

ဒါပေမဲ့ ဒီလို မူးဝေသွားစေလောက်တဲ့ ငွေပမာဏက အပြောင်းအရွှေ့ဇာတ်လမ်းတစ်ခုလုံးကို ခြုံငုံမိသေးတာတော့ မဟုတ်ပါဘူး။

မန်ချက်စတာစီးတီး နည်းပြသစ် အန်ဇို မာရက်စ်ကာ ဟာ ပက် ဂွါဒီယိုလာ နေရာကို အစားထိုးဝင်ရောက်လာပြီးနောက် ပထမဆုံးအပြောင်းအရွှေ့ဈေးကွက်မှာပဲ ဘောလုံးဒါရိုက်တာ ဟူဂို ဗီယာနာ ဆီကနေ အပြည့်အဝထောက်ပံ့မှုတွေ ရရှိခဲ့ပါတယ်။ တကယ်တော့ မန်စီးတီး ဟာ ဒီနွေရာသီမှာပဲ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့တာပါ။

နော်တင်ဟမ်ဖောရက်စ် ကနေ အီလီယော့ အန်ဒါဆင် ကို ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီပြီးတဲ့နောက် မာရက်စ်ကာ ရဲ့ ချယ်လ်ဆီး အသင်းခေါင်းဆောင်ဟောင်း အန်ဇို ဖာနန်ဒက်စ် ကို ဗြိတိန်စံချိန်တင် ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်အရွယ် မော်ရိုကိုလက်ရွေးစင် အာယု ဘူအက်ဒီ ကိုလည်း ပေါင် ၈၆ သန်းနဲ့ ထပ်မံခေါ်ယူခဲ့ပါတယ်။ ဒီကစားသမား ၃ ယောက်ကပဲ မန်စီးတီး ရဲ့ နွေရာသီအသုံးစရိတ် အများဆုံးနေရာကို ယူထားတာပါ။

အသင်းခေါင်းဆောင် ဘာနာဒို ဆေးလ်ဗား၊ ၂၀၂၄ ဘာလွန်ဒီအောဆုရှင် ရိုဒရီတိဂျာနီ ရိုင်ဒါးစ် နဲ့ နီကို ဂွန်ဇာလက်စ် တို့ ထွက်ခွာသွားတာကြောင့် မန်စီးတီး ရဲ့ ကွင်းလယ်ဟာ လုံးဝအသစ်ဖြစ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေသာမက ရေရှည်ပစ်မှတ်ထားခဲ့တဲ့ အန်တွမ် ဆီမန်ညို နဲ့ မာ့ခ် ဂူအီဟီ တို့ကို အစီအစဉ်ဆွဲပြီး ခေါ်ယူနိုင်ခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့အပေါ်မှာပါ အသင်းရဲ့အကြီးတန်းတာဝန်ရှိသူတွေက အရမ်းကို သဘောကျကျေနပ်နေကြတယ်လို့ သိရပါတယ်။

အချိန်ကို နောက်ပြန်ဆုတ်ကြည့်မယ်ဆိုရင် ၂၀၂၃ ချန်ပီယံလိဂ် ဖလားရယူပေးခဲ့တဲ့ မန်ချက်စတာစီးတီး အသင်းကို ပြန်လည်တည်ဆောက်မှုဟာ အဲဒီရာသီအစပိုင်းက ခက်ခဲတဲ့အခြေအနေတွေ ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၂၅ ဇန်နဝါရီလမှာ တကယ်တမ်း စတင်ခဲ့တာပါ။

ဥရောပရဲ့ အကြီးမားဆုံး ဆုဖလားကြီးကိုရယူဖို့ အင်တာမီလန် ကို အစ္စတန်ဘူလ် မှာ အနိုင်ယူခဲ့တဲ့ညက ပွဲထွက်လူစာရင်းနဲ့ လူစားဝင်ကစားသမားတွေထဲကမှ အခုအချိန်မှာ ၄ ယောက်ပဲ ကျန်ပါတော့တယ်။

အခုဆိုရင် မာရက်စ်ကာ ဆီမှာ နေရာတိုင်းလိုလိုအတွက် အဆင့်အတန်းမြင့် ကစားသမား ၂ ယောက်စီ ရွေးချယ်ခွင့်ရှိတဲ့ အခွင့်အရေးမျိုး ရနေပါပြီ။ အပြောင်းအရွှေ့မဟာဗျူဟာကို စိတ်အေးအေးထားပြီး ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်ခဲ့လို့ ပြီးခဲ့တဲ့ရာသီအစပိုင်းထက် အခုအချိန်မှာ အသင်းက ပိုတောင့်တင်းလာပြီလို့ မန်စီးတီး က ခံစားနေရပါတယ်။

ဒါပေမဲ့ မေးစရာမေးခွန်းကြီးတချို့တော့ ကျန်နေပါသေးတယ်။

အသစ်ရောက်လာတဲ့ ကွင်းလယ်ကစားသမားတွေအားလုံး အတူတူဘယ်လိုမျိုး အတွဲညီညီ ကစားကြမလဲ။

ပြီးတော့ ဒီလောက်ငွေတွေ အများကြီးသုံးထားတာတောင်မှ အာလင်း ဟာလန်း အတွက် အရန်တိုက်စစ်မှူးမရှိဘဲ ဖြစ်သွားသလားဆိုတာပါပဲ။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *