ဂျာမနီ အသင်းနည်းပြချုပ် ယာဂန် ကလော့ပ် ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူး ကစားသမား ဖလိုရီယန် ဗက်ဇ် ဘက်ကနေ ကာကွယ်ပြောဆိုလိုက်ပြီး လက်ရွေးစင်အသင်းမှာ သူ့ပုံစံအတိုင်း လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
ပေါင် ၁၁၆ သန်းတန်ဖန်တီးရှင်ဟာ အန်ဖီးလ် ကို ရောက်လာပြီးနောက်ပိုင်း လေဗာကူဆင် က ခြေစွမ်းမျိုး ပြန်ရဖို့ ရုန်းကန်နေရတာပါ။ ဒါပေမဲ့လည်း လူတွေ သတိမထားမိတဲ့ နားလည်ပေးစရာ အကြောင်းရင်းတွေ ရှိနေတယ်လို့ ယာဂန် ကလော့ပ် က ထောက်ပြခဲ့ပါတယ်။
“ဒီယိုဂို ဂျိုတာ သေဆုံးမှုနဲ့ ပတ်သက်ပြီး လုံးဝမသင့်တော်တဲ့ အချိန်အခါဆိုးမှာ သူ လီဗာပူး ကို ရောက်လာခဲ့တာပါ။ အဲ့ဒီအချိန်က ကစားသမားတွေရဲ့ အာရုံစိုက်မှုဟာ ဘောလုံးမဟုတ်တော့တာမို့ ဒါက တကယ်ကို နားလည်ပေးလို့ ရပါတယ်။ သူ ပထမနှစ်ကနေ အများကြီးသင်ယူခဲ့သလို အခုဆိုရင်လည်း အသင်းက အရင်လိုအချိတ်အဆက် ပြန်မိလာပါပြီ။ ဘောလုံးကို ချစ်တဲ့သူတိုင်းကတော့ ဖလိုရီယန် ဗက်ဇ် ဘယ်လောက် ထူးချွန်လဲဆိုတာ မြင်တွေ့နိုင်ပါသေးတယ်” လို့ ယာဂန် ကလော့ပ် က ပြောခဲ့ပါတယ်။
နယ်သာလန် နဲ့ပွဲမှာ ကိုင် ဟာဗက်ဇ် နဲ့ ဂျာမလ် မူစီယာလာ တို့ ဒဏ်ရာရသွားတာကြောင့် ဖလိုရီယန် ဗက်ဇ် ကို အစီအစဉ်ထက်စောပြီး လူစာရင်းထဲ ထည့်သွင်းခဲ့ရပါတယ်။
လေဗာကူဆင် က ကစားဖော်ဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဂျိုနသန် တာ့ဟ် ကလည်း သူ့အပေါ် အပြင်းအထန် တိုက်ခိုက်ဝေဖန်နေကြတာ လွန်လွန်းကြောင်းနဲ့ မကြာခင်မှာ အားလုံး သဘောပေါက်လာကြလိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အဝတ်လဲခန်းထဲမှာ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို ချက်ချင်းနိုးကြားတက်ကြွစေနိုင်တဲ့ နည်းပြ ယာဂန် ကလော့ပ် ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်ကိုလည်း ဂျိုနသန် တာ့ဟ် က ချီးကျူးခဲ့ပါတယ်။
Source : https://www.espn.com.sg




