COVID ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလရဲ့ လိင်တူချစ်သူတွေအကြောင်း ရိုက်ကူးထားတဲ့ တရုတ်ရုပ်ရှင် An Unfinished Film ဟာ စနေနေ့ (နိုဝင်ဘာ ၂၄ ရက်) က ထိုင်ဝမ်မှာ ကျင်းပတဲ့ Golden Horse ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်နဲ့ ဒါရိုက်တာဆု ဆွတ်ခူးရရှိခဲ့ပါတယ်။
Golden Horse ဆုပေးပွဲဟာ ဆုအတွက် တရုတ်နိုင်ငံထဲမှာလို တင်းကျပ်တဲ့ ဆင်ဆာဖြတ်တောက်မှု မရှိဘဲ ရုပ်ရှင်အမျိုးမျိုးထဲက အကောင်းဆုံးကို ဆုရွေးချယ်ပေးတာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ တရုတ်ဒါရိုက်တာလျို့ရီ ဟာ အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပြီး၊ ရုပ်ရှင်ဟာလည်း အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်နိုင်ငံမှာ ရိုက်ကူးတဲ့ တရုတ်ဒါရိုက်တာ ဂန်ဂျန်ရဲ့ လိင်တူချစ်သူ ဒရာမာ “Bel Ami” က အကောင်းဆုံး ဇာတ်ဆောင်ဆု၊ အကောင်းဆုံးတည်းဖြတ်ဆုတို့ကို ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လိင်တူဆက်ဆံမှု၊ လိင်တူလက်ထပ်ခြင်းအပေါ် အသိအမှတ်ပြုခြင်းမရှိသလို LGBTQ+ တက်ကြွလှုပ်ရှားသူတွေနဲ့ သရုပ်ဖော်တွေကိုလည်း အစိုးရက မီဒီယာတွေကတဆင့် နှိမ်နင်းလေ့ ရှိပါတယ်။


Source : france24.com