တေလာဆွစ်ဖ်ရဲ့ Eras Tour က ခန့်မှန်းခြေ ဒေါ်လာ ၂.၂ ဘီလျံထိရရှိပြီး ကိုယ်ပိုင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့

တေလာဆွစ်ဖ်ရဲ့ Eras Tour

အမေရိကန် ပေါ့စ်အဆိုတော် တေလာဆွဖ်ဟာ သူမရဲ့ Eras Tour ကာလ (၂)နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံရရှိခဲ့ပြီး နှစ်နှစ်ဆက်တိုက် ဝင်ငွေအများဆုံး ဖျော်ဖြေရေးခရီးစဉ် ဖြစ်လာခဲ့တယ်လို့ ဖျော်ဖြေပွဲနဲ့ Live ဂီတလုပ်ငန်းထုတ်ဝေတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pollstar မှ ကောက်ယူထားတဲ့ အချက်အလက်များအရ သိရပါတယ်။

တေလာဆွဖ်ဟာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ သူမရဲ့ Eras tour နောက်ဆုံးရှိုးပွဲကို တနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်)က အဆုံးသတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တေလာဆွဖ်ရဲ့ ဖျော်ဖြေရေး Eras tour ဟာ ဒေါ်လာဘီလျံချီဝင်ငွေရရှိတဲ့ ပထမဆုံးခရီးစဉ်ဖြစ်ခဲ့ပါတယ်။ မြောက်အမေရိက တစ်ခုတည်းမှာ တေလာရဲ့ဖျော်ဖြေရေးခရီးစဉ်ဟာ အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလျံခန့်ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအရ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံထိ ခုန်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

“တေလာဆွဖ်ရဲ့ The Eras Tour ဟာ ၂၁ လအတွင်း တိုက်ကြီးငါးခုစလုံးမှာ ပြီးမြောက်အောင်မြင်ခဲ့တာဖြစ်ပြီး ဒါဟာ မကြုံစဖူးပါပဲ”လို့ Pollstar & VenuesNow ရဲ့အယ်ဒီတာချုပ် အန်ဒီဂန်စ်လာက ဆိုပါတယ်။

Source : thesun.co.uk

#တေလာဆွစ်ဖ် #ErasTour #ကိုယ်ပိုင်စံချိန် #ပေါ့စ်အဆိုတော်

Leave a Reply

Your email address will not be published. Required fields are marked *