Squid Game Season 2 ကြည့်ရှုသူ ၆၈ သန်းနဲ့ Netflix World Chart မှာ ထိပ်ဆုံးမှ ရပ်တည်နေ

Squid Game Season 2 ကြည့်ရှုသူ ၆၈ သန်း

Netflix ရဲ့ blockbuster survival စီးရီး Squid Game Season 2 ဟာ ဒီဇင်ဘာ ၂၆ ရက် ပွဲဦးထွက်ကတည်းက ကြည့်ရှုသူ ၆၈ သန်းကျော်ကို ဆွဲဆောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း Netflix ရဲ့ streaming chart တွေမှာ ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ်။

Netflix ရဲ့ streaming လည်ပတ်တဲ့ နိုင်ငံ ၉၂ ခုမှာ ကြည့်ရှုမှုအများဆုံး တီဗီရှိုးဖြစ်လာခဲ့တယ်လို့ Netflix က ၎င်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားဇာတ်ကားဖြစ်တဲ့ Squid Game ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက စတင်ထုတ်လွှင့်ခဲ့တဲ့ Season 1 လိုပဲ ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး franchise တွေမှာ Subscribe အသစ်တွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားပြီး ဇာတ်ကားမထွက်ခင်ကတည်းက စျေးကွက်ရှာဖွေရေးတွေ မှာ ဘတ်ဂျက်များများ သုံးထားတာဖြစ်ပါတယ်။ Squid Game Season 1 ဟာ Netflix အတွက် ဒေါ်လာ သန်း ၉၀၀ ရှာပေးနိုင်ခဲ့တာဖြစ်ပြီး Season 2 ကတော့ ဘယ်လောက် အမြတ်ရမယ်ဆိုတာ မသိရသေးပါဘူး။

Squid Game နောက်ဆုံး season ဖြစ်တဲ့ Season 3 ကိုလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Source : entertainment.inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *