Home Alone အိမ်ကို ဒေါ်လာ ၅.၅ သန်းနဲ့ ရောင်းချ

Home Alone အိမ်ကို ဒေါ်လာ ၅ ဒသမ ၅ သန်းနဲ့ ရောင်းချ

ခရစ်စမတ်ဇာတ်ကား “Home Alone” နဲ့ ဇာတ်ကားနဲ့ ကျော်ကြားခဲ့တဲ့၊ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့ သူဌေး ရပ်ကွက်က အိမ်ကြီးကို ဒေါ်လာ ၅.၅ သန်း (စင်ကာပူဒေါ်လာ ၇.၅ သန်း) နဲ့ ရောင်းချလိုက်ပြီလို့ သိရပါတယ်။

ဒီအိမ်ကြီးကို ယခင်ပိုင်ရှင် ထရီရှာနဲ့ တင်ဂျွန်ဆန် တို့က အမေရိကန်ဒေါ်လာ ၅.၂ သန်းနဲ့ စဈေးခေါ်ခဲ့တာဖြစ်ပေမဲ့ အဲဒီထက်ပိုပေးတဲ့ ကမ်းလှမ်းသူများစွာ ရှိခဲ့တယ်လို့ သိရပါတယ်။ အိမ်ကြီးဟာ အကျယ်အဝန်း ၉,၁၂၆ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်းငါးခန်းပါရှိပါတယ်။
“ရောင်းသူအတွက် ခေတ်တစ်ခု အဆုံးသတ်ဖြစ်ပေမဲ့၊ ဝယ်သူအတွက်တော့ အံ့ဩစရာအမှတ်တရတွေ ရရှိစေမှာပါ” ” ဒီအိမ်ကို ဝယ်လိုက်ခြင်းက ရုပ်ရှင်ရဲ့သမိုင်းကြောင်း တစ်ခုလုံးကို ပိုင်ဆိုင်ဖို့ အခွင့်အရေးပဲ” လို့ အိမ်ခြံမြေ အကျိုးဆောင် မစ္စနိုရီနစ်မန်က ပြောပါတယ်။

“Home Alone” ရုပ်ရှင် ကမ္ဘာကျော်ခဲ့ပြီးနောက် အဲဒီဇာတ်ကားရိုက်ကူးရာ အိမ်ကြီးဟာ ရုပ်ရှင်ပရိသတ်တွေ အတွက် အားလပ်ရက် သွားရောက်ကြည့်ရှုလေ့လာနိုင်တဲ့ ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။

Source : fortune.com

Leave a Reply

Your email address will not be published. Required fields are marked *