ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ပထမပိုင်းအပြီးမှာ ဖျော်ဖြေရေးအစီအစဉ်ထည့်သွင်းသွားမယ်လို့ ဖီဖာ အတည်ပြု

ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ပထမပိုင်းအပြီးမှာ ဖျော်ဖြေရေးအစီအစဉ်ထည့်သွင်းသွားမယ်လို့ ဖီဖာ အတည်ပြု

ဖီဖာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျီရန်နီအင်ဖန်တီနို က နယူးဂျာစီမှာကျင်းပသွားမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ပထမပိုင်းပွဲချိန်အပြီးမှာ သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ ဖျော်ဖြေရေးအစီအစဉ်ကို ထည့်သွင်းသွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

ယူအက်စ်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ်ပူးတွဲကျင်းသွားမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက် ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပွဲစဉ်ပေါင်း ၆၄ ပွဲသာကစားခဲ့ပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ ပွဲစဉ်ပေါင်း ၁၀၄ ပွဲအထိ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲကို နယူးဂျာစီရှိ မတ်လိုက်ဖ်အားကစားကွင်းမှာ ကျင်းပသွားဖို့စီစဉ်ထားပြီး အဆိုပါပွဲစဉ်ရဲ့ပထမပိုင်းအပြီး ကစားသမားတွေ အနားယူနေချိန်မှာ ဖျော်ဖြေရေးအစီအစဉ်ပြုလုပ်သွားမယ်လို့ ဖီဖာက အတည်ပြုထားပါတယ်။

အင်ဖန်တီနိုက “နယူးဂျာစီပြည်နယ်၊ နယူးယော့ခ်မြို့မှာကျင်းပသွားမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲရဲ့ ပထမပိုင်းအပြီးမှာ ပထမဆုံးအကြိမ်အနေနဲ့ ဖျော်ဖြေရေး အစီအစဉ်ထည့်သွင်းသွားမယ်လို့ ကျွန်တော်အတည်ပြုနိုင်ပါတယ်” လို့အင်စတာဂရမ်မှတစ်ဆင့် အသိပေးခဲ့ပါတယ်။
အဆိုပါဖျော်ဖြေရေးအစီအစဉ်အတွက် ဖီဖာဟာ နိုင်ငံတကာပညာရေးနဲ့ ထောက်ခံအားပေးရေး အဖွဲ့အစည်းဖြစ်တဲ့ ဂလိုဘယ်ဆီတီဇင်၊ ဗြိတိန်တီးဝိုင်း ကိုးလ်ဒ်ပလေးတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source : billboard.com

Leave a Reply

Your email address will not be published. Required fields are marked *