admin

စိတ်ခံစားမှုပြင်းပြနေတဲ့ မက်ဆီရဲ့စကားများ

စိတ်ခံစားမှုပြင်းပြနေတဲ့ မက်ဆီရဲ့စကားများက ၂၀၂၆ ကမ္ဘာ့ဖလားကို မရေမရာဖြစ်စေ

အာဂျင်တီးနားအသင်းအတွက် သူ့ရဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်နိုင်ခြေများတဲ့ပွဲစဉ်အပြီးမှာ လီယွန်နယ် မက်ဆီက သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝနဲ့ပတ်သက်လို့ စိတ်ခံစားမှုအပြည့်နဲ့ ရေးသားထားတာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်ရအသင်းရဲ့ အနာဂတ်အပေါ် သံသယတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
နေမာပြန်ရောက်လာမယ်လို့ ရော်နယ်ဒင်ဟို ယုံကြည်

ဘရာဇီးအသင်းသို့ နေမာပြန်ရောက်လာမယ်လို့ ယုံကြည်ကြောင်းပြောကြားလာတဲ့ ရော်နယ်ဒင်ဟို

ဆန်းတို့စ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်နေမာဟာ ယခုစက်တင်ဘာလအတွင်း ဘရာဇီးလက်ရွေးစင်အသင်းရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် လူစာရင်းကနေ ထုတ်ပယ်ခံထားရပေမဲ့ တစ်ချိန်ချိန်မှာတော့ အသင်းသို့ပြန်လည်ရောက်ရှိလာမယ်လို့ယုံကြည်ကြောင်း ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုက အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဂျင်တီးနားပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ မက်ဆီ

နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ၂ ဂိုးအထိသွင်းယူပြီး အာဂျင်တီးနားပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ မက်ဆီ

သောကြာနေ့နံနက်က ဗင်နီဇွဲလားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဟာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားမြေမှာယှဉ်ပြိုင်တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး ကစားသမားဟာ ၂ ဂိုးအထိသွင်းယူကာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
နေမာကိုချန်လှပ်ခဲ့ခြင်း

နေမာကိုချန်လှပ်ခဲ့ခြင်းမှာ နည်းစနစ်အရ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ဆိုတဲ့ အန်ဆယ်လော့တီ

ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီက စက်တင်ဘာလ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် လူစာရင်းမှ နေမာကိုချန်လှပ်ခံခဲ့ခြင်းမှာ ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ နည်းစနစ်အရဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်စတားယိုကရက်စ်

ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အာဆင်နယ်စတားယိုကရက်စ်

အာဆင်နယ်အသင်းတိုက်စစ်မှူး ယိုကရက်စ်က လန်ဒန်မြေကိုပြောင်းရွှေ့လာခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပြီး စပို့တင်းကို မလေးစားသလို မလုပ်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ယိုကရက်စ်ဟာ အခုနွေရာသီမှာ စပို့တင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့ခွင့်ရဖို့ အတော်လေးစောင့်ဆိုင်းခဲ့ရသလို တွန်းအားပေးခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်ယူသို့ပြောင်းလာတဲ့ ဂိုးသမားသစ် လမ်မန်းစ်

ယူနိုက်တက်သို့ဘာကြောင့်ပြောင်းရွှေ့ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ လမ်မန်းစ်

နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာ ဘယ်လ်ဂျီယံကလပ် အန့်တ်ဝပ်မှ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားလေး ဆန်နီလမ်မန်းစ်က အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
သေသေချာချာ စဉ်းစား ဖို့တိုက်တွန်းခြင်းခံထားရတဲ့ မက်ဆီ

အနားယူဖို့ ဆုံးဖြတ်ချက်အပေါ် သေသေချာချာ စဉ်းစား ဖို့တိုက်တွန်းခြင်းခံထားရတဲ့ မက်ဆီ

ဘယ်သူမှ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ‘ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေး’တဲ့အတွက် အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ချက်ကို သေသေချာချာ စဉ်းစားဖို့ လီယွန်နယ် မက်ဆီက တိုက်တွန်းခြင်းခံထားရပါတယ်။

အပြည့်အစုံဖတ်ရန်
ဟင်ကာပီကိုခေါ်ယူလိုက်နိုင်တဲ့ အာဆင်နယ်

အငှားစာချုပ်နဲ့ ဟင်ကာပီကိုခေါ်ယူလိုက်နိုင်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်နောက်ခံလူ ပီရိုဟင်ကာပီကို အပြီးသတ်ဝယ်ယူခွင့်ပါ တစ်ရာသီအငှားစာချုပ်နဲ့ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်မှာ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်အနေနဲ့ ရာသီကုန်မှာ ကစားသမားကိုအပြီးသတ်ဝယ်ယူသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းကို လေဗာကူဆင်ထံပေးချေသွားရမယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အက်စတွန်ဗီလာသို့ ပြောင်းရွှေ့သွားတဲ့ ဆန်ချို

ယူနိုက်တက်မှထွက်ခွာပြီး အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတဲ့ ဆန်ချို

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့ပြီဖြစ်ပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
လေဗာကူဆင်အသင်းနည်းပြ တန်ဟက်

အထုတ်ခံရဖို့နီးစပ်နေတဲ့ ယူနိုက်တက်နည်းပြဟောင်း

လေဗာကူဆင်အသင်းနည်းပြ တန်ဟက်တစ်ယောက် ရာသီအစ ၂ ပွဲသာကိုင်တွယ်ထားရသေးပေမဲ့ အထုတ်ခံရဖို့နီးစပ်နေတယ်လို့ သိရပါတယ်။ အသင်းဘက်က လူသိရှင်ကြားထောက်ခံဖို့ ငြင်းဆန်ခဲ့ပြီးနောက် နယ်သာလန်သားကို အတွင်းပိုင်းထဲမှာ ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်