လူငယ်တွေအစား အတွေ့အကြုံရင့် ကစားသမားတွေကို ခေါ်ယူဖို့ ချယ်လ်ဆီး ဘာကြောင့် ပစ်မှတ်ထားလာတာလဲ

ချဲလ်ဆီး ကစားသမားအပြောင်းအရွှေ့

ချဲလ်ဆီး အသင်းဟာ မက်ဇန့်စ် လာခရော့စ်ဒန်နီ ဝဲလ်ဘက်ခ် နဲ့ ဂျော်ဒန် ဟန်ဒါဆန် တို့ကို ခေါ်ယူဖို့ပြင်ဆင်နေပြီး ဒါဟာ ချဲလ်ဆီး ရဲ့ အပြောင်းအရွှေ့နဲ့ ကစားဟန်ပြောင်းလဲလာတာကို ပြသနေပါတယ်။

အသက် ၂၆ နှစ်အရွယ် ခရစ္စတယ် ပေးလေ့စ် ခံစစ်မှူး လာခရော့စ် ဟာ ကစားသမားဘဝ ထိပ်တန်းခြေစွမ်းကို ရောက်ရှိနေသူဖြစ်ပြီး ပေါင် ၅၂ သန်း တန်ကြေးရှိပါတယ်။ သူ့ထက် အသက်ကြီးတဲ့ကစားသမားကို ချဲလ်ဆီး ခေါ်ယူခဲ့တာ ၂ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘရိုက်တန် တိုက်စစ်မှူး ဝဲလ်ဘက်ခ် ဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်သလို ဘရန့်ဖို့ဒ် ကွင်းလယ်လူ ဟန်ဒါဆန် ကတော့ အသက် ၃၆ နှစ် ရှိနေပါပြီ။

ဝဲလ်ဘက်ခ် ရောက်ရှိလာပါက အသက် ၂၃ နှစ်အရွယ် လီယမ် ဒီလပ်ပ် ရဲ့နေရာကို အစားထိုးဖွယ်ရှိပါတယ်။ ဒီလပ်ပ် ကို အစ်ပစ်ချ် တောင်း ကနေ ချဲလ်ဆီး ခေါ်ယူခဲ့စဉ်က အလားအလာအရှိဆုံး လူငယ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

လွန်ခဲ့တဲ့ ၄ နှစ်က အသင်းကို ပိုင်ရှင်သစ်တွေ လွှဲပြောင်းယူအပြီး နည်းပြ တောမတ်စ် တူချယ် လက်ထက်မှာ မန်ချက်စတာ စီးတီး မှ ရာဟင်း စတာလင်နာပိုလီ မှ ကာလီဒူ ကူလီဘာလီ နဲ့ ဘာစီလိုနာ မှ အူဘာမီးယန်း စတဲ့ အသက်ကြီး ဝါရင့်ကစားသမားတွေကို ခေါ်ယူခဲ့ပေမဲ့ မျှော်လင့်သလို အောင်မြင်မှု မရရှိခဲ့ပါဘူး။ စတာလင် က ၂၀၂၆ ဇန်နဝါရီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့သလို ကူလီဘာလီ နဲ့ အူဘာမီးယန်း တို့လည်း ခဏတာအတွင်း အသင်းကနေ ပြန်လည်ထွက်ခွာခဲ့ကြရပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွေ မအောင်မြင်ခဲ့တာကြောင့် ချဲလ်ဆီး ဟာ လူငယ်ကစားသမားတွေကို အဓိကထားခေါ်ယူတဲ့ မူဝါဒကို ပြောင်းလဲခဲ့ပါတယ်။ ဘင်ဖီကာ မှ အန်ဇို ဖာနန်ဒက်စ် ကို ပေါင် ၁၀၇ သန်း၊ ဘရိုက်တန် မှ မိုဆက်စ် ကိုင်စီဒို ကို ပေါင် ၁၁၅ သန်းနဲ့ မန်ချက်စတာ စီးတီး မှ ကိုးလ် ပါးလ်မား ကို ပေါင် သန်း ၄၀ စတဲ့ တန်ကြေးကြီး လူငယ်ကစားသမားတွေကို ခေါ်ယူကာ အောင်မြင်မှုအချို့ ရရှိခဲ့ပါတယ်။ ပါးလ်မား ဆိုရင် အသင်းမှာ သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ပြီး ဟာလန်းဆာလာ နဲ့ အိုလီ ဝတ်ကင်းစ် တို့ပြီးရင် ဂိုးအများဆုံး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။

ဒါဆိုရင် အခုလို အတွေ့အကြုံရှိ ဝါရင့်ကစားသမားတွေကို ပြန်လည်ပစ်မှတ်ထားလာတာဟာ ချဲလ်ဆီး ရဲ့ စကေးရှာဖွေရေး မူဝါဒ အပြောင်းအလဲ အစပြုလိုက်တာလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *