ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မဲ့အစား အနားယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ ပေါ်တူဂီကစားသမားဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ်သက်တမ်းတိုးပြီးနောက်မှာ အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်အရ အသက် ၄၂ နှစ်အထိ ဆော်ဒီပရိုလိဂ်ကလပ်မှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

