အင်ဖန်တီနို နှင့် ဆီဖာရင်

အင်ဖန်တီနို အနေနဲ့ သူဟာ ဥရောပသားတစ်ယောက်ဖြစ်တယ်ဆိုတာ သတိရသင့်တယ်လို့ ဆီဖာရင် ပြောကြား

ဖီဖာ ဥက္ကဋ္ဌ ဂျာနီ အင်ဖန်တီနို ရဲ့ ကမ္ဘာ့ဖလား ရှယ်ယာတချို့ကို ရောင်းထုတ်ဖို့လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်ဟာ “စူပါလိဂ်ထက်တောင် ပိုဆိုးရွားတယ်” လို့ ပြောဆိုလိုက်ပြီးနောက် ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ အလက်ဇန်းဒါး ဆီဖာရင် က အင်ဖန်တီနို အနေနဲ့ သူဟာ ဥရောပသားတစ်ယောက်ဆိုတာ သတိရဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလအစောပိုင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာ ပြိုင်ပွဲအားလုံးရဲ့ စီးပွားရေးနဲ့ လက်မှတ်ရောင်းချခွင့်ဆိုင်ရာ အခွင့်အရေးတွေကို စီမံခန့်ခွဲဖို့ ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Fifa Forward Enterprise (FFE) ကို ထူထောင်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဆီကို ၂၁ ရာခိုင်နှုန်းရောင်းချမဲ့ အင်ဖန်တီနို ရဲ့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဂျင်တီးနား ဖီဖာ စုံစမ်းစစ်ဆေးမှု

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် အာဂျင်တီးနားအသင်းကို ဖီဖာ စုံစမ်းစစ်ဆေးမှုစတင်

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ မနှစ်မြို့စရာ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အာဂျင်တီးနား အသင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဖီဖာ က အတည်ပြုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
အိုလီဆေးရဲ့ အဝါကတ်ပယ်ဖျက်ခွင့် ဖီဖာပယ်ချ

မာရိုကိုနဲ့ပွဲမတိုင်ခင် အမ်ဘာပေ အဆင်သင့်ဖြစ်နေပြီး အိုလီဆေးရဲ့ အဝါကတ်ပယ်ဖျက်ခွင့် ဖီဖာပယ်ချ

ဖီဖာ က ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ရဲ့ တိုက်စစ်ကစားသမား အိုလီဆေး ရဲ့ အဝါကတ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုကို ပယ်ချလိုက်ကြောင်း ပြင်သစ်အသင်းနည်းပြ ဒီဒီယာ ဒေရှမ့် က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ငြိမ်းချမ်းရေးဆု ထည့်သွင်းချီးမြှင့်ဖို့ စီစဉ်နေတဲ့ ဖီဖာ

ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲမှာ ငြိမ်းချမ်းရေးဆု ထည့်သွင်းချီးမြှင့်ဖို့ စီစဉ်နေတဲ့ ဖီဖာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဒီဇင်ဘာ ၅ ရက်၊ ဝါရှင်တန်ဒီစီမှာပြုလုပ်မဲ့ ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲအတွင်း ငြိမ်းချမ်းရေးဆုတစ်ခုကို ချီးမြှင့်သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမဲ့မြို့တွေ

ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမဲ့မြို့တွေ အဆင့်သင့်ဖြစ်နေဖို့ မျှော်လင့်နေတဲ့ ဖီဖာ

လုံခြုံရေးအကြောင်းပြချက်ကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းရနိုင်တယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ထုတ်ဖော်ပြောဆိုမှုအပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ပွဲစဉ်တွေလက်ခံကျင်းပမဲ့ မြို့ ၁၆ ခုလုံး အဆင့်သင့်ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ပထမပိုင်းအပြီးမှာ ဖျော်ဖြေရေးအစီအစဉ်ထည့်သွင်းသွားမယ်လို့ ဖီဖာ အတည်ပြု

ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ပထမပိုင်းအပြီးမှာ ဖျော်ဖြေရေးအစီအစဉ်ထည့်သွင်းသွားမယ်လို့ ဖီဖာ အတည်ပြု

ဖီဖာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျီရန်နီအင်ဖန်တီနို က နယူးဂျာစီမှာကျင်းပသွားမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ပထမပိုင်းပွဲချိန်အပြီးမှာ သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ ဖျော်ဖြေရေးအစီအစဉ်ကို ထည့်သွင်းသွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်