မန်ချက်စတာဒါဘီမှာ အငြင်းပွားဖွယ် ဂိုးခွင့်ပြုပေးခဲ့တဲ့ VAR ဒိုင်လူကြီး လာမဲ့ပွဲစဉ်တွေမှာ တာဝန်ယူခွင့် ပိတ်ပင်ခံရ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ် ကွင်းမှာ ကစားခဲ့တဲ့ ဒါဘီပွဲစဉ်အတွင်း မန်ချက်စတာစီးတီး အသင်းကို ဂိုးပေးခဲ့တဲ့အပေါ် “ဆုံးဖြတ်ချက် အမှားအယွင်း” လုပ်ခဲ့တဲ့ VAR ဒိုင်လူကြီးဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကိုင်တွယ်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

