အာမိုရင်ထုတ်ပယ်ခံရမှုအပေါ် အံ့အားသင့်မိကြောင်းပြောကြားလာတဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က တနင်္လာနေ့က အသင်းရဲ့နည်းပြ ရူဘင်အာမိုရင် ရုတ်တရက်ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က တနင်္လာနေ့က အသင်းရဲ့နည်းပြ ရူဘင်အာမိုရင် ရုတ်တရက်ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ချဲလ်ဆီးနဲ့လမ်းခွဲလိုက်တဲ့ နည်းပြအန်ဇိုမာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့အတွက် ပထမဦးစားပေးပစ်မှတ်အဖြစ် သတင်းတွေထွက်ပေါ်နေတဲ့ စထရာဘော့နည်းပြ လီယမ်ရိုဆင်နီယာက သူ့အနေနဲ့ အဆိုပါကောလာဟလတွေကို ဂရုမစိုက်ကြောင်း တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်နည်းပြ မီကယ်လ်အာတီတာက ဘုန်းမောက်နဲ့ပွဲမှာ အစောပိုင်းဂိုး ပေးလိုက်ရပေမဲ့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ (၂၂) နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ကြိုးပမ်းနေတဲ့ အသင်းရဲ့ “တိုးတက်မှု” လက္ခဏာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်း ပတ်နယ်ဗင်က ကလပ်ရဲ့ဘုတ်အဖွဲ့ဟာ နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာအလိုရှိတာကြောင့် နည်းပြအန်ဇိုမာရက်စ်ကာကို ရာထူးကထုတ်ပယ်လိုက်တဲ့အပေါ် သူ့အနေနဲ့နားလည်ပေးနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာနဲ့ ချဲလ်ဆီးအသင်းရဲ့ တွဲဖက်ပိုင်ရှင် ဘီဟတ်အီဂါဘလီတို့ဟာ သောကြာနေ့အစောပိုင်းမှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြပြီဖြစ်ပါတယ်။
အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆန်က အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူပဲ ဆွတ်ခူးသွားနိုင်ကြောင်း ခန့်မှန်းပြောကြားလာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကို ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၆ လတောင် မပြည့်သေးခင်မှာပဲ နည်းပြအန်ဇိုမာရက်စ်ကာတစ်ယောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါပြီ။ မာရက်စ်ကာလက်အောက် ချဲလ်ဆီးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး အဆင့် ၅ နေရာအထိ ဆင်းသွားခဲ့ပါတယ်။ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့လည်း ၁၅ မှတ်တောင် ကွာသွားတာပါ။
ချဲလ်ဆီးမန်နေဂျာ အန်ဇို မာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားတွေ တော်တော်လေးများနေပါပြီ။ လာမဲ့သီတင်းပတ်တွေမှာ ရလဒ်တွေမကောင်းလာရင် သူ့ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီဇင်ဘာလအတွင်း ပြိုင်ပွဲစုံ ၈ ပွဲကစားထားရာမှာ ၂ ပွဲပဲ နိုင်ထားတဲ့ ရလဒ်ဆိုးတွေကြောင့် ဒီအီတလီလူမျိုး မန်နေဂျာရဲ့ အခြေအနေက တော်တော်လေး ယိမ်းယိုင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။
လီဗာပူးနောက်ခံကစားသမားဟောင်း ဂျေမီကာရေဂါက အာဆင်နယ်အနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ဗစ်တာယော်ကရက်စ်ကို ချန်လှပ်ပြီး ကိုင်ဟားဗက်ဇ် ဒါမှမဟုတ် ဂါဘရီရယ်ဂျီးဆပ်ကို ပွဲထုတ်သင့်ကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဝုဗ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၁-၁ နဲ့သရေကျခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က နည်းပြရူဘင်အာမိုရင်ရဲ့နည်းစနစ်တွေကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
စနေနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒေါ်ဂူက အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။