ယန်ဒီအိုမန်ဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

ယန်ဒီအိုမန်ဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီမီညိုကို မန်စီးတီးထံ လက်လွှတ်ခဲ့ရပြီးနောက် လိုက်ပ်ဇစ်တောင်ပံကစားသမား ယန်ဒီအိုမန်ဒီကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ ယာယီတက်လှမ်းလာတဲ့ ယူနိုက်တက်

နယူးကာဆယ်ကိုအနိုင်ယူပြီး အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ ယာယီတက်လှမ်းလာတဲ့ ယူနိုက်တက်

ယူနိုက်တက် ၁-၀ နယူးကာဆယ် (ပွဲပြီးရလဒ်)ဒေါ်ဂူ ၂၄’ ပထမပိုင်းမှာ နယူးကာဆယ်ဘက်ကို အကြိမ်ကြိမ်ထိုးဖောက်ပြီး ဒေါ်ဂူရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တဲ့ယူနိုက်တက်ဟာ ဒုတိယပိုင်းတစ်ပိုင်းလုံးကိုတော့ ခံစစ်နဲ့သာကစားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆီမီညိုကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီး

ဆီမီညိုကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူးတို့နဲ့အပြိုင် ဘုန်းမောက်တိုက်စစ်ကြယ်ပွင့် အန်တိုနီဆီမီညိုကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်စီးတီးကြယ်ပွင့်တွေကို သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးကြယ်ပွင့်တွေကို ပွဲတော်ကာလ အလွန်အကျွံသောက်စားမှုမလုပ်ဖို့ သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကစားသမားတွေကို ခရစ္စမတ်မှာ ကိုယ်အလေးချိန်စစ်ဆေးမှာဖြစ်ပြီး ဝိတ်ပိုနေတဲ့သူတွေကို အသင်းကနေ ချန်လှပ်ထားမယ်လို့ သတိပေးခဲ့ပါတယ်။ လူအများစုအတွက် ပွဲတော်ကာလဟာ အစားအသောက်နဲ့ အချိုရည်တွေ အလွန်အကျွံစားသုံးတဲ့အချိန်ဖြစ်ပေမဲ့ ဂွါဒီယိုလာက ကစားသမားတွေကို သွေးဆောင်မှုမခံယူဖို့ သတိပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယောကရက်စ် ခြေစွမ်းပြနိုင်မဲ့အချိန်

ယောကရက်စ် ဘယ်အချိန်မှာ ခြေစွမ်းပြနိုင်မလဲဆိုတာ ဟောကိန်းထုတ်လိုက်တဲ့ အာတီတာ

မီကယ်အာတီတာက ဗစ်တာယောကရက်စ်ဟာ အာဆင်နယ်ရဲ့ ဒုတိယရာသီဝက်မှာ ခြေစွမ်းပိုကောင်းလာမှာဖြစ်ပေမဲ့ အသင်းဖော်တွေက ဆွီဒင်သားအပေါ် ပိုပြီးနားလည်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်က ဖာနန်ဒက်စ်ကို ဆော်ဒီသို့ပြောင်းရွှေ့စေချင်ခဲ့

ယူနိုက်တက်က ဖာနန်ဒက်စ်ကို ဆော်ဒီသို့ပြောင်းရွှေ့စေချင်ခဲ့တယ်လို့ ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းဟာ သူ့ကိုအိုးလ်ထရက်ဖို့ဒ်မှထွက်ခွာကာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့စေချင်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒေါသအိုးပေါက်ကွဲခဲ့တဲ့ နယူးကာဆယ်ကွင်းလယ်လူ ဂူမာယေးစ်

ခါးသီးဒါဘီပြိုင်ဘက်ကို ရှုံးနိမ့်ပြီးနောက် ဒေါသအိုးပေါက်ကွဲခဲ့တဲ့ နယူးကာဆယ်ကွင်းလယ်လူ ဂူမာယေးစ်

နယူးကာဆယ်ကွင်းလယ်ကစားသမားဘရူနိုဂူမာယေးစ်က ခါးသီးပြိုင်ဘက်ဆန်းဒါးလန်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ခံစားချက်တွေကိုထိန်းချုပ်နိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးအကြိမ်တိုင်နေးဆိုဒ်ပရီးမီးယားလိဂ်ဒါဘီပွဲစဉ်မှာ ဆန်းဒါးလန်းက ဝေါ်လ်တာမိတ်ရဲ့ Own Goal မှတဆင့် အဖိုးတန်နိုင်ပွဲရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်ရဲ့ခံစစ်ကစားပုံကို နည်းပြအာတီတာ ပြစ်တင်ဝေဖန်

ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပေါ့ဆတဲ့ပြီး လက်ခံနိုင်စရာမရှိတဲ့ အာဆင်နယ်ရဲ့ခံစစ်ကစားပုံကို အာတီတာ ပြစ်တင်ဝေဖန်

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးက ဝုဗ်ကို မိနစ် ၉၀ မှာ ချေပဂိုးပေးခဲ့ရပေမဲ့ ၉၄ မိနစ်မှာ ဝုဗ်ရဲ့ ဒုတိယမြောက် ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယောကရက်စ်ကို မဝေဖန်သင့် - အာတီတာပြော

ရုန်းကန်နေရတဲ့ ယောကရက်စ်ကို မဝေဖန်သင့်ဘူးလို့ အာတီတာပြောကြား

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ပေါင် ၆၄ သန်းတန် တိုက်စစ်မှူး ဗစ်တာယောကရက်စ် ဂိုးသွင်းနိုင်ဖို့ လိုအပ်နေတယ်လို့ ဝန်ခံခဲ့ပေမဲ့ ဝေဖန်သူတွေကို သူ့ကို တစ်ယောက်တည်းထားလိုက်ပါလို့ ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်စီးတီးမှာဂိုးမသွင်းရင် အစားထိုးခံရမယ်လို့ပြောကြားလာတဲ့ ဟာလန်း

မန်စီးတီးမှာဂိုးမသွင်းရင် အစားထိုးခံရမယ်လို့ပြောကြားလာတဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက သူ့အနေနဲ့ အသင်းမှာဂိုးသွင်းနိုင်ခြင်းမရှိပါက အသင်းဘက်က သူ့ကို အခြားကစားသမားနဲ့  အစားထိုးမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်