အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဘရာဇီးနည်းပြ အန်ဆယ်လော့တီ
ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီက လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာလည်း အသင်းဘက်က စာချုပ်သက်တမ်းတိုးမယ်ဆိုရင် ဆက်နေမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီက လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာလည်း အသင်းဘက်က စာချုပ်သက်တမ်းတိုးမယ်ဆိုရင် ဆက်နေမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးမှ လူးဝစ်ဒီယက်ဇ်ကို မခေါ်ယူမီမှာ အာဆင်နယ်တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီကို အရင်ဆုံး ချိတ်ဆက်ခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ထုတ်ဖော်လာခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်တောင်ပံကစားသမား ရာဖင်ဟာဟာ ဗုဒ္ဓဟူးနေ့က ဘိုလီဗီးယားကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ သူ့ကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့တဲ့ နည်းပြကာလိုအန်ဆယ်လော့တီကို ဒေါသထွက်နေတယ်လို့သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ရိုဒရီဂိုကို ယခုတစ်ခေါက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်လူစာရင်းမှ ထုတ်ပယ်ခဲ့ပြီး ယခုအခါမှာတော့ ဘာကြောင့် ထုတ်ပယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ဆန်းတို့စ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်နေမာဟာ ယခုစက်တင်ဘာလအတွင်း ဘရာဇီးလက်ရွေးစင်အသင်းရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် လူစာရင်းကနေ ထုတ်ပယ်ခံထားရပေမဲ့ တစ်ချိန်ချိန်မှာတော့ အသင်းသို့ပြန်လည်ရောက်ရှိလာမယ်လို့ယုံကြည်ကြောင်း ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုက အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီက စက်တင်ဘာလ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် လူစာရင်းမှ နေမာကိုချန်လှပ်ခံခဲ့ခြင်းမှာ ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ နည်းစနစ်အရဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဆန်းတို့စ်စတား နေမာက အခုလာမဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘရာဇီးလူစာရင်းမှာ မပါဝင်ခဲ့တဲ့နောက် သူ့အမြင်ကို ထုတ်ဖော်ပြောကြားလာပါတယ်။
ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘန်လေအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆန်က အံ့မခန်းခြေစွမ်းပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အထူးသဖြင့် သူရဲ့ နောက်ပြန်ကန်ချက်သွင်းဂိုးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။
ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲမှာ တော့တင်ဟမ်ကို နောက်ကနေလိုက်ကစားကာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူဗိုလ်လုစွဲပြီးနောက် ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုစ်က အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် ချီးကျူးလာခဲ့ပြီး တော့တင်ဟမ်က အသင်းကိုလျှော့တွက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ် ဟာ ၂၀၂၅-၂၆ ရာသီအတွက် ၂၅ ဦးပါ အသင်းလူစာရင်းကို ထိန်းသိမ်းထားနိုင်ဖို့အတွက် စက်တင်ဘာ ၁ ရက်နေ့မှာပိတ်မဲ့ နွေရာသီအပြောင်းအရွှေ့မတိုင်မီ ကစားသမားငါးဦးကို လက်လွှတ်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကစားသမားငါးဦးစာရင်းထဲမှာ နွေရာသီတစ်လျှောက်လုံး ဆန်တီယာဂို ဘာနေဗျူးကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေတဲ့ ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂိုလည်း ပါဝင်ပြီး အာဆင်နယ် နဲ့ လီဗာပူး တို့က သူ့ကို အပြင်းအထန် စိတ်ဝင်စားနေပါတယ်။