ဖာနန်ဒက်စ်ကို ကွင်းလယ်မှာ ဘာကြောင့်ဆက်သုံးနေတာလဲ အာမိုရင်ရှင်းပြ
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အသင်းရဲ့ကွင်းလယ်မှာ ဘာကြောင့်ဆက်သုံးနေသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အသင်းရဲ့ကွင်းလယ်မှာ ဘာကြောင့်ဆက်သုံးနေသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
မန်စီးတီး ၃-၀ ယူနိုက်တက် (ပွဲပြီးရလဒ်) မန်ချက်စတာဒါဘီပွဲစဉ်ပီပီ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုတွေနဲ့အတူ စိတ်လှုပ်ရှားပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကို ပထမပိုင်းပွဲချိန်အတွင်းမှာ ဖိုဒန်က ခေါင်းတိုက်သွင်းယူခဲ့ပြီး ချေပဂိုးရရှိရေးအတွက် ယူနိုက်တက်ရဲ့လှုပ်ရှားမှုတွေကလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ထရက်ဘ်ဇွန်စပေါအတွက် တစ်ရာသီအငှားနဲ့ကစားပေးဖို့ ယခုအခါမှာတော့ တူရကီမြေသို့ရောက်ရှိနေပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အသင်းအနေနဲ့ ဂိုးသမား အန်ဒရေအိုနာနာလို ကစားသမားမျိုးကို ဖယ်ရှားနိုင်ခဲ့ခြင်းက ကောင်းမွန်တဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။
သတင်းတွေအရ ယူနိုက်တက်ဂိုးသမား အိုနာနာတစ်ယောက် ထရာဇွန်စပေါအသင်းထံ အငှားနဲ့ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အိုနာနာတစ်ယောက် ထရာဇွန်စပေါအသင်းထံပြောင်းရွှေ့တော့မှာဖြစ်ပြီး လုပ်ခလစာ ၂ ဆလောက်ရရှိမယ်လို့ သိရပါတယ်။
နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာ ဘယ်လ်ဂျီယံကလပ် အန့်တ်ဝပ်မှ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားလေး ဆန်နီလမ်မန်းစ်က အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့ပြီဖြစ်ပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
လေဗာကူဆင်အသင်းနည်းပြ တန်ဟက်တစ်ယောက် ရာသီအစ ၂ ပွဲသာကိုင်တွယ်ထားရသေးပေမဲ့ အထုတ်ခံရဖို့နီးစပ်နေတယ်လို့ သိရပါတယ်။ အသင်းဘက်က လူသိရှင်ကြားထောက်ခံဖို့ ငြင်းဆန်ခဲ့ပြီးနောက် နယ်သာလန်သားကို အတွင်းပိုင်းထဲမှာ ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ဘန်လေကို ပွဲပြီးကာနီးမှရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ကပ်ပြီးအနိုင်ရခဲ့ပေမဲ့ နိုင်ပွဲနဲ့ထိုက်တန်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်နည်းပြ ရူဘင်အာမိုရင်ဟာ ကြာသပတေးနေ့နံနက်က ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ အင်္ဂလန်စတုတ္ထတန်းကလပ် ဂရင်းစ်ဘီတောင်းကို အံ့အားသင့်ဖွယ် ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမဲ့ အသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကို ရရှိနေဆဲဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။