ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည်ဟု အမ်ဘာ ပေကတိပြု
ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။
မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ဟာလန်း နဲ့ ဘာပေတို့ကြား အကောင်းဆုံးတစ်ဦးကို ရွေးချယ်လိုက်ပါတယ်။ အီတလီသားဟာ ပီအက်စ်ဂျီမှာ ဘာပေနဲ့လက်တွဲခဲ့ဖူးသလို အခုလည်း စီးတီးနဲ့အတူ ဟာလန်းနဲ့လက်ရှိတွဲကစားနေတာဖြစ်ပါတယ်။ Daily Mail နဲ့အင်တာဗျူးမှာ အသက် ၂၅ နှစ်သားက တားဆီးရခက်ခဲတဲ့ကန်ချက်နဲ့ပတ်သက်ပြီး ဘာပေ နဲ့ ဟာလန်းတို့ကြား ရွေးချယ်မှုကို ဖြေကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ပြန်မယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပြီး မကြာခင်မှာ အသင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမယ်လို့ ပြောကြားလိုက်ပါတယ်။
ဟာလန်းဟာ ဒီရာသီအစမှာ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းပြသခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမ်မရိတ်စ်ကွင်းမှာ ပွဲအစ ၉ မိနစ်အကြာမှာပဲ လိဂ်ဂိုး ၆ ဂိုးမြောက်ကို သွင်းယူပြီး ဆက်လက်ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နော်ဝေတိုက်စစ်မှူးဟာ ပွဲချိန် ၇၆ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ချေပဂိုးပေးခဲ့ရလို့ အာဆင်နယ်အသင်းနဲ့ ၁-၁ ဂိုး သရေရလဒ်ရရှိခဲ့ချိန်မှာ ပွဲကြည့်စင်ကနေ ကြည့်ရှုနေခဲ့ရပါတယ်။
၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အပေါ် ၁-၀ ဂိုးဖြင့် အနိုင်ယူနိုင်မဲ့အခွင့်အရေးကို အာဆင်နယ်နည်းပြအာတီတာ လက်လွှတ်မခံခဲ့ပါဘူး။ အခုရလဒ်ကိုပိုင်ဆိုင်နိုင်ဖို့ ဂန်းနားတွေအတွက် အိုးထရက်ဖို့ဒ်ကွင်းနောက်ဆုံးမိနစ်တွေမှာ ဂိုးသမားရာယာရဲ့အံ့မခန်းလက်စွမ်းနဲ့အတူ ခံစစ်ကို နက်နက်ရှိုင်းရှိုင်းပိတ်ဆို့ကစားရန် လိုအပ်ခဲ့ပါတယ်။
သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဥရောပထိပ်သီးကလပ် ဂျူဗင်တပ်စ်ကို ၅-၂ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာ အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
အီတလီနည်းပြ လူချီယာနိုစပယ်လက်တီက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ခက်ခဲတဲ့အခိုက်အတန့်ကို ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။ အော်စလိုမြို့မှာ ယှဉ်ပြိုင်တဲ့ပွဲမှာ အလက်ဇန်းဒါးဆော်လော့သ်နဲ့ အန်တိုနီယိုနူဆာတို့က နော်ဝေအတွက် ၂-၀ ဂိုးအထိ ဦးဆောင်ခဲ့ပြီး အာဆင်နယ်ကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်က မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းအတွက် တတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဒီဂိုးတွေအားလုံး ပထမပိုင်းမှာတင် သွင်းယူခဲ့တာပါ။
ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စီးရီးအေတို့လို အသင်းလိုက်ဆုဖလားတွေနဲ့ ဘောလွန်းဒီအော်လို တစ်ဦးချင်းဆုတံဆိပ်တွေ ဆွတ်ခူးခဲ့ဖူးတဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ကာကာက ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ခေတ်မှာ ဘောလွန်းဒီအော်ဆုရခဲ့သင့်တဲ့ ကစားသမားတစ်ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
တစ်လကျော်ကြာအနားယူခဲ့ရပြီးနောက် ဟာလန်းက ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမဲ့ မန်စီးတီးရဲ့ပွဲစဉ်မတိုင်ခင် အသင်းဆီ ပြန်လာပြီလို့ ပက်ဂွါဒီယိုလာက အတည်ပြုပြောဆိုပါတယ်။
ပက်ဂွါဒီယိုလာက အခုနွေရာသီ၊ အသင်းမှထွက်ခွာတော့မဲ့ ဒီဘရိုင်းရဲ့နေရာမှာ အစားထိုးနိုင်ဖို့ဆိုတာ မန်စီးတီးအတွက် အလွန်ခက်ခဲလိမ့်မယ်လို့ ပြောပါတယ်။ အခုသီတင်းပတ်သောကြာနေ့မှာပဲ ကမ္ဘာ့ဘောလုံးလောကရဲ့အထွန်းတောက်ဆုံးကစားသမားတစ်ဦးအဖြစ် ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့တဲ့ ဒီဘရိုင်းက အီတီဟတ်မှထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။