ဖီဖာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်

ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနို ရဲ့ ကမ္ဘာ့ဖလား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ပျက်ပြယ်သွားခြင်း

ဖီဖာ အဖွဲ့ချုပ်ဟာ အဖွဲ့ဝင် အသင်းအဖွဲ့အချို့ရဲ့ ပြင်းထန်တဲ့ကန့်ကွက်မှုတွေကြောင့် အဖွဲ့အစည်း စီးပွားရေးလုပ်ငန်းအစိတ်အပိုင်းကို ပြင်ပရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချမဲ့အစီအစဉ်ကို ဆက်မလုပ်တော့ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။ ဖီဖာ ဟာ ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲတွေကို စီမံခန့်ခွဲမဲ့ ယူနစ်သစ်တစ်ခုရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ရောင်းချပြီး ဒေါ်လာ ၄.၂ ဘီလီယံအထိ ရန်ပုံငွေရှာဖို့ စီစဉ်ခဲ့တာပါ။

အပြည့်အစုံဖတ်ရန်
ဖီဖာ နှင့် ယူအီးအက်ဖ်အေ ပဋိပက္ခ

ကမ္ဘာ့ဖလားကို ဥရောပအသင်းတွေ သပိတ်မှောက်တော့မလား၊ ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနို ရဲ့ ရာထူး သက်တမ်း ကုန်ဆုံးတော့မှာလား

ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲများအပါအဝင် ဖီဖာ ပြိုင်ပွဲတွေကို ဦးစီးကျင်းပမဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုရဲ့ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေထံ ရောင်းချဖို့အစီအစဉ်အပေါ် ယူအီးအက်ဖ်အေ က ” ယူအီးအက်ဖ်အေ နဲ့ သူ့ရဲ့ အဖွဲ့ဝင်အသင်းအဖွဲ့တွေဟာ ဖီဖာ ပြိုင်ပွဲတွေမှာ ပါဝင်မှာမဟုတ်ဘူး” လို့ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်