ဟိုဝီနဲ့ မိတ်မပျက်သွားစေဖို့ မျှော်လင့်နေတဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အီဆက်ခ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကြောင့် နယူးကာဆယ်နည်းပြဟိုဝီနဲ့ သူ့အကြား ခင်မင်ရင်းနှီးမှုကို မထိခိုက်သွားစေဖို့ မျှော်လင့်နေပါတယ်။
လီဗာပူးနည်းပြအန်းစလော့က အီဆက်ခ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကြောင့် နယူးကာဆယ်နည်းပြဟိုဝီနဲ့ သူ့အကြား ခင်မင်ရင်းနှီးမှုကို မထိခိုက်သွားစေဖို့ မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့လက စပိန်နိုင်ငံ၊ ဇာမိုရာပြည်နယ်မှာ ကားမတော်တဆမှုဖြစ်ပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဂျိုတာ (၂၈ နှစ်) နဲ့ သူ့ရဲ့ညီဖြစ်သူ (၂၅ နှစ်) တို့အတွက် တစ်ကမ္ဘာလုံးက အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။ ဂျိုတာ ကွယ်လွန်ပြီးနောက် လီဗာပူးအသင်းက အသင်းရဲ့ ပထမဆုံးပွဲဖြစ်တဲ့ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ရာသီအကြို ခြေစမ်းပွဲမစတင်ခင်မှာ အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်က လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အသင်းအတွက် ပင်နယ်တီ ၂ လုံးအထိ ကာကွယ်ပေးနိုင်ခဲ့ပြီးနောက် အခုလို အဓိကအခန်းကဏ္ဍကနေ အသင်းကိုကယ်တင်ပေးနိုင်ခဲ့လို့ ဂုဏ်ယူကြောင်း ပြောကြားလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ဟာ ၂၀၂၅-၂၆ ရာသီအတွက် ၂၅ ဦးပါ အသင်းလူစာရင်းကို ထိန်းသိမ်းထားနိုင်ဖို့အတွက် စက်တင်ဘာ ၁ ရက်နေ့မှာပိတ်မဲ့ နွေရာသီအပြောင်းအရွှေ့မတိုင်မီ ကစားသမားငါးဦးကို လက်လွှတ်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကစားသမားငါးဦးစာရင်းထဲမှာ နွေရာသီတစ်လျှောက်လုံး ဆန်တီယာဂို ဘာနေဗျူးကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေတဲ့ ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂိုလည်း ပါဝင်ပြီး အာဆင်နယ် နဲ့ လီဗာပူး တို့က သူ့ကို အပြင်းအထန် စိတ်ဝင်စားနေပါတယ်။
လီဗာပူးအသင်းကို ချန်ပီယံလိဂ်မှာအရေးနိမ့်ခဲ့ပေမဲ့ မိမိအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းလို့ နည်းပြဟောင်း မော်ရင်ဟိုက အခိုင်အမာပြောကြားလိုက်ပါတယ်။ ဖီနာဘာချီနည်းပြက ၂၀၀၄ ကနေ ၂၀၀၆ အထိ ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့ရှုံးပွဲမရှိအသင်းဖြစ်တဲ့ ၂၀၀၃ – ၀၄ အသင်းထက်တောင် ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်လာပြီးနောက် “အာနိုးလ်”က လီဗာပူးအသင်းဖော်ဟောင်း”ဂျိုတာ”အတွက် ဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်။
စပိန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်ကို အခုနွေရာသီမှာ အငှားနဲ့ခေါ်ယူမဲ့အခြေအနေကို ငြင်းဆန်မှာဖြစ်တယ်လို့ သိရပါတယ်။ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ အာမိုရင်နဲ့ အဆင်မပြေတာကြောင့် ဒုတိယရာသီဝက်မှာ ဗီလာအသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။
မိုဆာလက်၊ ဗန်ဒိုက်တို့ရဲ့စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေကြောင့် ကြိုးကြာနီတွေရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆု သိမ်းပိုက်ရေးကြိုးပမ်းမှုကို အဟန့်အတားမဖြစ်စေခဲ့ပါဘူးလို့ လီဗာပူးနည်းပြအန်းစလော့က ရှင်းပြခဲ့ပါတယ်။
ဘရိုက်တန် ၃-၂ လီဗာပူး (ပွဲပြီးရလဒ်) ရလဒ်ပိုင်းအရ သိပ်အရေးမပါတော့ပေမဲ့ ဘရိုက်တန်ရော၊ လီဗာပူးပါ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြလို့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပွဲကြီးပွဲကောင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။
လီဗာပူးအသင်းနဲ့ ၁၀ မှတ်အထိကွာဟနေပေမဲ့ အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်မလျှော့သေးဘူးလို့ ပြောကြားလိုက်ပါတယ်။