BLACKPINK အဖွဲ့ဝင် ရိုစ့်နဲ့ ဂျင်းနီ နှစ်ဦးစလုံး UK Official Singles Chart စာရင်းထဲ အချိန်ကြာကြာနေရာယူနေ

ရိုစ့်နဲ့ ဂျင်းနီ

ဧပြီလ ၁၇ ရက်မှ ၂၃ ရက်အထိ သတ္တပတ်အတွက် Billboard’s Hot 100 နဲ့ ညီမျှတဲ့ UK Official Singles Chart Back Up စာရင်းမှာ BLACKPINK ရဲ့ အဖွဲ့ဝင် ရိုစ့်နဲ့ ဂျင်းနီ တို့ ၂ – ဦးစလုံး အချိန်ကြာကြာနေရာယူခဲ့တယ်လို့ သိရပါတယ်။

ရိုစ့်က အဆိုတော် ဘရူနိုမားစ်နဲ့ တွဲဖက်သီဆိုထားတဲ့ “APT” သီချင်းနဲ့ Official Chart မှာ အဆင့် နံပါတ် ၁၆ ချိတ်ဆွဲခဲ့ကာ Chart ထဲ အရှည်ကြာဆုံးရှိခဲ့တဲ့ တကိုယ်တော် အမျိုးသမီး K pop အဆိုတော်ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ Blackpink အဖွဲ့ဝင် ဂျင်းနီက သူမရဲ့ နောက်ဆုံးထွက် တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “JENNIE” နဲ့ ဇယားမှာ သီတင်းပတ်ခြောက်ပတ်ဆက်တိုက် တည်ရှိနေခဲ့ပြီး နံပါတ် ၅၃ မှ နံပါတ် ၁၁ ကို ခုန်တက်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
သီချင်း MV ၂ ခုလုံးမှာ ကြည့်ရှုမှု အရေအတွက်ကတော့ ရိုစ့်ရဲ့ APT က ကြည့်ရှုသူ 1.5 B နဲ့ ဦးဆောင်နေပြီး ဂျင်းနီရဲ့ Jennie MV ကတော့ ကြည့်ရှုသူ 80 M ထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Source : soompi.com

Leave a Reply

Your email address will not be published. Required fields are marked *