Amazing Thailand သံတမန်ဖြစ်လာတဲ့ Blackpink အဖွဲ့ဝင် လီဆာ နဲ့ “Feel All the Feelings” ကမ်ပိန်း

Amazing Thailand သံတမန်ဖြစ်လာတဲ့ Blackpink အဖွဲ့ဝင် လီဆာ

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) က Blackpink အဖွဲ့ဝင် လီဆာ (လာလီဆာ မနိုဘန်) ကို Amazing Thailand သံတမန်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီး “Feel All the Feelings” ဆိုတဲ့ ကမ်ပိန်းအသစ်ကို ဝတ်အာရွန်း (အရုဏ်ဦးဘုရား) မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီကမ်ပိန်းဟာ ထိုင်းနိုင်ငံကို စိတ်လှုပ်ရှားစရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာ နက်ရှိုင်းမှုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ အတွေ့အကြုံတွေ ရရှိနိုင်မဲ့နေရာတစ်ခုအဖြစ် ဖော်ဆောင်ထားပြီး အရည်အသွေးမြင့် အပန်းဖြေနားနေရာအဖြစ် ပုံဖော်ဖို့ ရည်ရွယ်ထားတာပါ။

ဒီပွဲမှာ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ခေတ်သစ်ဖန်တီးမှုတွေကိုပေါင်းစပ်ပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ခဲ့ပါတယ်။ နိုင်ငံရဲ့ အထင်ကရနေရာဖြစ်တဲ့ ဝတ်အာရွန်းဘုရားမှာ ကျင်းပတာဟာ အမျိုးသားရေးလက္ခဏာနဲ့ ထိုင်းရဲ့ သမိုင်းဝင် ယဉ်ကျေးမှုရှုခင်းတွေက အမြဲတမ်းတန်ဖိုးရှိနေတယ်ဆိုတာကို ပြသရာလည်း ရောက်ပါတယ်။

လီဆာရဲ့ အမြင်ကနေတစ်ဆင့် နိုင်ငံကိုတင်ဆက်ပြသတာဟာ ပရိသတ်တွေအတွက် ထိုင်းနိုင်ငံအကြောင်း နားလည်ဖို့ နည်းလမ်းသစ်တစ်ခု ဖြစ်စေမယ်လို့ TAT က ပြောပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ထိုင်းနိုင်ငံကို လှပတဲ့ရှုခင်းတွေကြောင့်တင်မကဘဲ ဒေသခံလူတွေ၊ ရိုးရာဓလေ့တွေ၊ နေ့စဉ်ဘဝတွေနဲ့ နေရာတစ်ခုချင်းစီရဲ့ ထူးခြားတဲ့ ဝိသေသတွေကြောင့် လူကြိုက်များတဲ့ ခရီးသွားနေရာတစ်ခု ဖြစ်လာစေမှာပါ။

ဒါ့အပြင် ဒီကမ်ပိန်းကနေ ထိုင်းနိုင်ငံသားတွေကို ဖော်ရွေတဲ့ အိမ်ရှင်တွေအဖြစ်ပါဝင်ဖို့ တိုက်တွန်းထားပြီး Trusted Thailand ဆိုတဲ့ အယူအဆနဲ့ ခရီးသွားတွေ ယုံယုံကြည်ကြည် လည်ပတ်နိုင်အောင် ပံ့ပိုးပေးထားပါတယ်။ “Feel All the Feelings” မှာ နိုင်ငံတစ်ဝှမ်းက ခရီးစဉ်တွေကိုဖော်ပြထားပြီး မေတာဝင် အိုပတ်အီယမ်ကာဂျွန်း၊ ကာနာဝု ထရိုင်ပီပတ်တာနာပွန် နဲ့ ပွန်တီဝပ် တန်ဝမ်ချာရွန် တို့လို မင်းသားတွေလည်း ပါဝင်အားဖြည့်ထားပါတယ်။ စိတ်လှုပ်ရှားခံစားမှုတွေကို အခြေခံပြီး ပုံပြောသလို တင်ဆက်ထားတဲ့အတွက် ထိုင်းနိုင်ငံကို ခရီးသွားရတာဟာ ပြန်ပြောပြချင်စရာကောင်းတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှတ်တရတွေ ဖြစ်စေမှာပါ။

Source : https://e.vnexpress.net/

Leave a Reply

Your email address will not be published. Required fields are marked *