အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် တစ်ခုပဲ ရတော့မယ်လို့ ပေါလ် မာဆင် ခန့်မှန်း

အာဆင်နယ်နှင့် မန်စီးတီး ပရီးမီးယားလိဂ်

Sky Sports ရဲ့ ဝေဖန်ရေးသမား ပေါလ် မာဆင် က အာဆင်နယ်ဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကိုတော့ ဆွတ်ခူးသွားဦးမှာပါလို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ ဒါဟာ ဂန်းနားတို့ ဒီရာသီမှာ ရရှိမဲ့ တစ်ခုတည်းသော ဆုဖလား ဖြစ်လာလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

ဝမ်ဘလီမှာ ကစားခဲ့တဲ့ပွဲမှာ နီကို အိုရွိုင်လီ ရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် မန်စီးတီးက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အာဆင်နယ်ရဲ့ တစ်ရာသီအတွင်း ဖလားလေးလုံး ရယူမဲ့ မျှော်လင့်ချက်ကို အဆုံးသတ်ပေးလိုက်တာပါ။ မီခေးလ် အာတီတာ ရဲ့ အသင်းဟာ ချန်ပီယံလိဂ်နဲ့ FA ဖလား ကွာတားဖိုင်နယ်တွေကို တက်လှမ်းထားဆဲဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာက မန်စီးတီးကို ၉ မှတ်အကွာနဲ့ ဦးဆောင်ထားပါတယ်။ ဧပြီလ ၁၉ ရက်နေ့မှာတော့ ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံပွဲ ရှိနေပါတယ်။

ကာရာဘောင်ဖလား ဗိုလ်လုပွဲ ဒုတိယပိုင်းမှာ မန်စီးတီးဟာ အာဆင်နယ်ကို အဆင့်မြင့် ဘောလုံးပညာသင်ခန်းစာ ပေးသွားခဲ့တာပါ။ ဒုတိယပိုင်း မိနစ် ၂၅ မိနစ်လောက်အထိ အာဆင်နယ်ဘက်က ဘယ်သူမှ ဘောလုံးမကိုင်ချင်ကြဘဲ မန်စီးတီးဆီကိုပဲ ပြန်ပြန်ကန်ပေးနေခဲ့ကြတာပါ။ မန်စီးတီးက သူတို့ကို အပြတ်အသတ် ချေမှုန်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အာဆင်နယ်အတွက် တကယ့်ကို နာကျင်စရာဖြစ်သလို ယုံကြည်မှု လျော့နည်းသွားစေမဲ့ ရှုံးနိမ့်မှုမျိုးပါ။ ဒီပွဲကို ကြည့်ပြီးနောက်မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ကလွဲလို့ ကျန်တဲ့ဖလားတွေ ရနိုင်တော့မယ်လို့ ကျွန်တော် မမြင်ပါဘူး။ FA ဖလားမှာလည်း မန်စီးတီး ရှိနေသေးသလို ချန်ပီယံလိဂ်မှာဆိုရင်လည်း အာဆင်နယ်ဟာ ဘာစီလိုနာရဲ့ ခံစစ်မြင့်ကစားပုံကို ဒုက္ခပေးနိုင်လောက်တဲ့ အမြန်နှုန်းမျိုး မရှိပါဘူး။ အန်သိုနီ အီလန်ဂါ ဒါမှမဟုတ် အန်သိုနီ ဂေါ်ဒွန် တို့လို လျင်မြန်တဲ့ ကစားသမားမျိုး သူတို့ဆီမှာ မရှိတာကြောင့် ဘာစီလိုနာက အာဆင်နယ်ကို ဘာတွေလုပ်သွားမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းနေပါတယ်။

ဂိုးသမား ကီပါ ရဲ့ အမှားက တကယ့်ကို ဆိုးရွားခဲ့ပေမဲ့ သူကွင်းထဲမှာ မရှိခင်ကတည်းက အာဆင်နယ် ကစားသမား ၈ ယောက်လောက်ဟာ အပိုင်းပိုင်းပြတ်အောင် အချေမှုန်းခံနေရတာပါ။ ခံစစ်က ဆလီဘာ နဲ့ ဂါဘရီယယ် နှစ်ယောက်ပဲ ခေါင်းမော့ပြီး ကွင်းထဲက ထွက်နိုင်ပါလိမ့်မယ်။ ကျန်တဲ့သူတွေကတော့ အဆင့် ၅ လောက်ပဲ ရထိုက်တာပါ။ ပွဲက အခြေအနေ ပျက်နေတဲ့အချိန်မှာ အာဆင်နယ်အသင်းထဲက ဘယ်သူကမှ ဘောလုံးတောင်းပြီး မကစားချင်ကြတာဟာ တကယ့်ကို စိုးရိမ်စရာကောင်းတဲ့ အချက်ပါပဲ။

အာဆင်နယ်အတွက် အကောင်းဆုံးအချက်ကတော့ သူတို့ဟာ ပြိုင်ပွဲ ၃ ခုမှာ ကျန်ရှိနေသေးတာပါပဲ။ သူတို့အတွက် အဓိကက ပရီးမီးယားလိဂ် ဖြစ်ပါတယ်။ တကယ်လို့ ဖလားတစ်ခုခုကို စွန့်လွှတ်ရမယ်ဆိုရင် ဒါဟာ ကာရာဘောင်ဖလားပဲ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဒါဟာ လက်လွှတ်လိုက်ရတဲ့ နောက်ထပ် ဆုဖလားတစ်ခု ဖြစ်သွားခဲ့ပါပြီ။

Source : https://www.mansfield103.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *