တိုက်စစ်ပိုင်း အပြောင်းအလဲအတွက် ဖာရန် တောရက်စ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ

ဖာရန် တောရက်စ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေ

ဘာစီလိုနာအသင်းဟာ လာမဲ့နွေရာသီမှာ တိုက်စစ်ပိုင်းကို အကြီးအကျယ် ပြင်ဆင်ဖို့စီစဉ်နေပြီး စပိန်ကြယ်ပွင့် ဖာရန် တောရက်စ်ကို ရောင်းထုတ်ဖို့ ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်လို့ သူ့ရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ လာမဲ့ရာသီမှာ တိုက်စစ်ကို အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် တောရက်စ် ကို ရောင်းထုတ်ချင်နေတာပါ။ တောရက်စ်ဟာ ဘာစီလိုနာနဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ အခုထိ စာချုပ်သစ်အတွက် ဘာမှပြောဆိုထားတာမျိုး မရှိသေးတဲ့အတွက် လာမဲ့နွေရာသီမှာ သူ့အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရတော့မှာဖြစ်ပါတယ်။

တောရက်စ် ကတော့ အသင်းမှာပဲ ဆက်နေချင်တယ်လို့ အမြဲတမ်းရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒါပေမဲ့ သူဟာ ရာသီအစပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဂိုးပေါက်ပျောက်ဆုံးနေပြီး ဇန်နဝါရီလကုန် အယ်လ်ချေးနဲ့ပွဲပြီးကတည်းက ဂိုးမသွင်းနိုင်တော့ပါဘူး။

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဘာစီလိုနာဟာ လာမဲ့ရာသီမှာ ဟူလီယန် အယ်လ်ဗာရက်ဇ်ကို ပထမဦးစားပေး တိုက်စစ်မှူးအဖြစ်ထားပြီး ရောဘတ် လီဝန်ဒေါစကီးကို အရန်အဖြစ် ထားချင်နေတာပါ။ ဒါ့အပြင် လာမင်း ယမယ်လ်နဲ့ ရာဖင်ညာတို့ရဲ့ အရန်အဖြစ် မားကပ်စ် ရက်ရှ်ဖို့ဒ် (ဒါမှမဟုတ် တခြားတောင်ပံကစားသမားတစ်ယောက်) ကို ခေါ်ယူဖို့ စီစဉ်နေတာကြောင့် ဖာရန် တောရက်စ်အတွက် နေရာမရှိသလောက် ဖြစ်နေပါတယ်။

တောရက်စ်ကို ရောင်းထုတ်လိုက်တာက ဘာစီလိုနာအတွက် ဟူလီယန် အယ်လ်ဗာရက်ဇ် ဒါမှမဟုတ် တခြားတိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့နဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ လမ်းစဖွင့်ပေးသလို ဖြစ်လာမှာပါ။

Source : https://sports.yahoo.com/

Leave a Reply

Your email address will not be published. Required fields are marked *