အက်ရှင်မင်းသား ဂျက်ကီချန်း ရုပ်ရှင်ရိုက်ကွင်းမှာ စတန့်ရိုက်ရင်း မူးလဲ

အက်ရှင်မင်းသား ဂျက်ကီချန်း ရုပ်ရှင်ရိုက်ကွင်းမှာ စတန့်ရိုက်ရင်း မူးလဲ

ဟောင်ကောင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ အသက် ၇၀ အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမဲ့ ဇာတ်ကားရဲ့ စတန့်ဇာတ်ကွက်တွေဆိုရင် သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေဆဲဖြစ်ပါတယ်။

မကြာသေးခင်က Behind The Scene ဗီဒီယိုတစ်ခုမှာ ဂျက်ဟာ ရုပ်ရှင်အသစ် Panda Plan အတွက် စတန့် ဇာတ်ကွက်ကို ရိုက်ကူးနေရင်း ရုတ်တရက် သတိလစ် လဲကျသွားတာကြောင့် အမျိုးသားတစ်ဦးက အမြန်ထူမပေး နေတာတွေ့ရပါတယ်။ အဲဒီအချိန်မှာ ဂျက်ရဲ့မျက်နှာဟာ လုံးဝ သတိလစ်နေပုံပေါ်ခဲ့ပါတယ်။ မိနစ်အနည်းငယ် အကြာမှာတော့ ဂျက်ဟာ သတိပြန်လည်လာပြီး စတန့်လုပ်ရင်း အသက်ရူကျပ်ခဲ့တယ်လို့ ဆိုပါတယ်။ ခဏအကြာမှာတော့ ဂျက်ဟာ တူညီတဲ့ ဇာတ်ကွက်ကိုပဲ အသစ်ထပ်မံ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

ဂျက်ကီချန်းဟာ သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ပရိုဂျူဆာ၊ စတန့်မန်း စတဲ့ အနုပညာအလုပ်တွေနဲ့ နာမည်ကျော်ကြားလူသိများသူဖြစ်ပြီး အခု အသက် ၇ဝ အရွယ်မှာတောင် စတန့်တွေကို လူစားမထိုးပဲ ကိုယ်တိုင် ရိုက်ကူးလေ့ ရှိပါတယ်။

Source : mustsharenews.com

#xda77 #xda77digital #ဂျက်ကီချန်း

Leave a Reply

Your email address will not be published. Required fields are marked *