ပီအက်စ်ဂျီ ကနေ ထွက်ခွာခွင့်ရတော့မဲ့ ဂွန်ကာလို ရာမို့စ် ကို ဥရောပထိပ်သီးကလပ်တွေ မျက်စိကျနေ

ဂွန်ကာလို ရာမို့စ် ကို ဥရောပထိပ်သီးကလပ်တွေ မျက်စိကျနေ

ဂွန်ကာလို ရာမို့စ် ဟာ လာမဲ့နွေရာသီမှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာခွင့်ရတော့မှာဖြစ်ပြီး အီတလီစပိန် နဲ့ အင်္ဂလန် ကလပ်တွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ရာမို့စ် ဟာ နည်းပြ လူးဝစ် အင်းနရစ်ကေး ရဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ရာသီကုန်မှာ အသင်းပြောင်းဖို့ လမ်းစတွေကို ရှာဖွေနေပါတယ်။ ဒီ ပေါ်တူဂီ လက်ရွေးစင်တိုက်စစ်မှူးဟာ အသင်းမှာ ပြိုင်ပွဲစုံ ၁၄ ပွဲပဲ ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ၁၂ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

လောလောဆယ်မှာတော့ သူဟာ ပီအက်စ်ဂျီ နဲ့အတူ လီဂူး ဝမ်း နဲ့ ချန်ပီယံလိဂ် ဖလားတွေကို ကာကွယ်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမဲ့ ဥရောပစစ်မျက်နှာမှာတော့ သူ့ရဲ့ပါဝင်ပတ်သက်မှုက အရမ်းနည်းနေပြီး ချန်ပီယံလိဂ် မှာ ၁၇၁ မိနစ်ပဲ ကစားခွင့်ရခဲ့ပါတယ်။

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမန်နို ရဲ့ အဆိုအရ ဂွန်ကာလို ရာမို့စ် ရဲ့ အနာဂတ်ဟာ နွေရာသီမှာ အပြောင်းအလဲရှိလာနိုင်ပြီး အသင်းဘက်ကလည်း သူ့ရဲ့ကစားချင်စိတ်နဲ့ စိတ်ဓာတ်အပေါ်မှာတော့ အသိအမှတ်ပြုထားပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမို့စ် ကို ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်မဲ့ အသင်းတွေဆီက ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ ပီအက်စ်ဂျီ က အသင့်ရှိနေပါတယ်။

ရာမို့စ် ဟာ ဘင်ဖီကာ ကနေ ယူရို ၆၅ သန်း (ပေါင် ၅၆ သန်း) တန် အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပီအက်စ်ဂျီ ကို ရောက်ရှိလာခဲ့တာပါ။ သူဟာ အသင်းမှာ အရန်ကစားသမားအဖြစ် အချိန်ကုန်နေရပေမဲ့လည်း ပွဲပေါင်း ၁၂၇ ပွဲမှာ ၄၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

ဒီတိုက်စစ်မှူးဟာ ပါရီ ကို မပြောင်းခင် ၂၀၂၂-၂၃ ရာသီတုန်းက ပေါ်တူဂီ ပရီမီးယား လီဂါ မှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ဖူးပါတယ်။ နိုင်ငံတကာပွဲစဉ်တွေမှာလည်း ပေါ်တူဂီ အသင်းအတွက် ၂၄ ပွဲကစားထားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။

Source : https://onefootball.com/

Leave a Reply

Your email address will not be published. Required fields are marked *