အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော်နဲ့ သီချင်းရေးဆရာမ တေလာဆွစ်ဖ် ကို The New York Times Magazine က အမေရိကန်ရဲ့ သြဇာအရှိဆုံး သီချင်းရေးဆရာ ၃၀ ထဲက တစ်ယောက်အဖြစ် ဖော်ပြခဲ့ပါတယ်။
အဲ့ဒီမှာ သူမရဲ့ နာမည်ကြီးသီချင်းတွေနောက်ကွယ်က ဖန်တီးမှုအဆင့်ဆင့်ကို ပြောပြသွားခဲ့တာပါ။ အသက် ၁၂ နှစ်ကတည်းက သီချင်းတွေ စရေးခဲ့တဲ့ တေလာဆွစ်ဖ် ဟာ သူမရဲ့ ခံစားချက်ပြင်းပြမှုတွေက အစောပိုင်း သီချင်းတွေကို ဘယ်လိုတွန်းအားပေးခဲ့လဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။
ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ကိုယ်ဖန်တီးချင်တာကိုပဲ အာရုံစိုက်ခဲ့တဲ့အကြောင်းလည်း ပါဝင်ပါတယ်။ “ဘယ်သူတွေ မုန်းမုန်း ငါကတော့ ဒါကို သိပ်ချစ်တာပဲလို့ ပထမဆုံး ခံစားခဲ့ရတာက အသက် ၁၇ နှစ်မှာ Love Story သီချင်းကို ရေးခဲ့တုန်းကပါ” လို့ တေလာဆွစ်ဖ် က ပြောပါတယ်။ အဲ့ဒီတုန်းက သူမထက် အသက်အများကြီးကြီးတဲ့သူနဲ့ ချိန်းတွေ့ဖို့ မိဘတွေဖြစ်တဲ့ အန်ဒရီယာ နဲ့ စကော့တ်ဆွစ်ဖ် က ခွင့်မပြုလို့ စိတ်ကောက်ပြီး ရေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကလေးတွေကို စည်းကမ်းရှိအောင် သင်သင့်တာကတော့ သူတို့တွေက နံပါတ် ၁ ချိတ်မဲ့ သီချင်းတွေ ရေးသွားနိုင်လို့ပါ” လို့လည်း သူမက နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
တေလာဆွစ်ဖ် ဟာ ၂၀၁၀ ခုနှစ်တုန်းက သူမထက် ၁၀ နှစ်လောက်ကြီးတဲ့ မင်းသား ဂျိတ်ဖ်ဂလန်းဟော နဲ့ တွဲခဲ့ပြီး သူတို့လမ်းခွဲအပြီးမှာ All Too Well ဆိုတဲ့ သီချင်းကို ရေးသားခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Reputation အယ်လ်ဘမ်နဲ့ ပတ်သက်ပြီးတော့လည်း သူမက “ဘယ်သူတွေ ဘာပြောပြော ငါဘာလုပ်ခဲ့လဲဆိုတာ ငါသိတယ်၊ ငါ့အလုပ်ကို ငါချစ်တယ်” လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ လူငယ်ဘဝမှာ ခံစားချက်တွေက ပိုပြီး ပြင်းထန်ပြီး အသေးစိတ်ကျတတ်တာကြောင့် သီချင်းရေးတဲ့အခါ အဲ့ဒီခံစားချက်တွေကို အမိအရဖမ်းဆုပ်နိုင်အောင် ကြိုးစားခဲ့တယ်လို့လည်း သူမက ရှင်းပြခဲ့ပါတယ်။
Source : https://www.msn.com/




