ဟိုဆေး မော်ရင်ညို ရီးရဲလ် မက်ဒရစ် ကို ပြန်သွားမယ်ဆိုရင် တကယ်ပဲ အံ့သြမိမှာပါလို့ အလန် ရှီးယား ဆို

ဟိုဆေး မော်ရင်ညို ရီးရဲလ် မက်ဒရစ်ကိုပြောင်းမလား

ဟိုဆေး မော်ရင်ညို သာ ရီးရဲလ် မက်ဒရစ် အသင်းကို ပြန်သွားမယ်ဆိုရင် သူ တကယ်ပဲ အံ့သြမိလိမ့်မယ်လို့ အလန် ရှီးယားရား က ပြောလိုက်ပါတယ်။ ဝါရင့် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အလန် ရှီးယား က ဂန္ထဝင်နည်းပြ ဟိုဆေး မော်ရင်ညို တစ်ယောက် ရီးရဲလ် မက်ဒရစ် ဆီ တစ်ကျော့ပြန် သွားတာကို မြင်ရရင် သူ တော်တော်လေး အံ့သြမိမှာပါလို့ ဖွင့်ဟခဲ့တာပါ။

၂၀၁၀ နဲ့ ၂၀၁၃ ကြားမှာ မက်ဒရစ် ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဟိုဆေး မော်ရင်ညို ဟာ လာမဲ့ရာသီမတိုင်ခင် ဒီနွေရာသီမှာတင် စပိန်ထိပ်သီးကလပ်ကို တစ်ကျော့ပြန် ကိုင်တွယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ယူဆရပါတယ်။

ပေါ်တူဂီလူမျိုး နည်းပြကြီးဟာ ကလပ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေသလို၊ လတ်တလော ဘင်ဖီကာ အသင်းမှာပြသနေတဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကလည်း ဘုတ်အဖွဲ့ကို သဘောကျစေခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်းရဲ့ ဘင်ဖီကာ နဲ့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ဟာ လာမဲ့ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ ဒီနွေရာသီမှာတင် အသင်းကနေ ထွက်ခွာခွင့်ပြုမဲ့ အချက်တစ်ချက် ပါဝင်နေပါတယ်။

မက်ဒရစ် အနေနဲ့ လာမဲ့လတွေအတွင်းမှာ သူ့ကို ခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ ဒီလိုပြောင်းရွှေ့မှုမျိုးက သူ့ကို အံ့သြစေမှာပါလို့ အလန် ရှီးယား က Betfair ကို ပြောခဲ့တာပါ။

ဟိုဆေး မော်ရင်ညို သာ ရီးရဲလ် မက်ဒရစ် ကို ပြန်သွားမယ်ဆိုရင် ကျွန်တော် တကယ်ပဲ အံ့သြမိမှာပါ။ ဒါက တုံ့ပြန်မှုတွေကို သိရအောင် သူတို့ဘက်က စမ်းသပ်ကြည့်နေတာလားတော့ ကျွန်တော် မသိဘူး။ ဒါက ဟိုဆေး မော်ရင်ညို ရဲ့ လူတွေဆီကလား၊ ဒါမှမဟုတ် ရီးရဲလ် မက်ဒရစ် ဘက်ကလားဆိုတာပေါ့။ ဟိုဆေး မော်ရင်ညို ကတော့ အခုထိ လက်စွမ်းပြနိုင်တုန်းပါပဲ။ ဒီရာသီမှာလည်း ဘင်ဖီကာ နဲ့အတူ ရှုံးပွဲမရှိသေးဘူးလေ။ သူကတော့ ထိပ်တန်းနည်းပြတစ်ဦးအဖြစ် အမြဲ ရှိနေမှာပါ။ ဒါပေမဲ့ သူ ရီးရဲလ် မက်ဒရစ် ကို ပြန်သွားမယ်ဆိုရင်တော့ ကျွန်တော် တကယ်ကို အံ့သြမိမှာပါ” လို့ ဆိုပါတယ်။

ဟိုဆေး မော်ရင်ညို ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က မက်ဒရစ် ကနေ ထွက်ခွာခဲ့ပြီးနောက် ချယ်လ်ဆီး အသင်းကို ပြန်လည်ကိုင်တွယ်ခဲ့သူပါ။ အခုလည်း သူဟာ မက်ဒရစ် ဆီကို ပြန်လာပြီး အသင်းကို ချန်ပီယံဆုအတွက် ပြန်လည်ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် လုပ်ဆောင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source : https://www.tribalfootball.com/

Leave a Reply

Your email address will not be published. Required fields are marked *