ခရစ္စတယ် ပဲလေ့စ် အသင်းရဲ့ နည်းပြသစ် ရှာဖွေမှုမှာ ဖရန့် လမ်းပတ် ရေပန်းစားနေ

ခရစ္စတယ် ပဲလေ့စ် နည်းပြသစ်နေရာအတွက် ဖရန့် လမ်းပတ် ကို စဉ်းစားနေ

ခရစ္စတယ် ပဲလေ့စ် အသင်းက နည်းပြ ဖြစ်သူ အိုလီဗာ ဂလက်စ်နာ အသင်းကနေ ထွက်ခွာသွားပြီးနောက်မှာတော့ နည်းပြသစ်တစ်ဦးကို ဆက်လက်ရှာဖွေနေပြီး လျာထားတဲ့ လောင်းရိပ်စာရင်းထဲမှာ ဖရန့် လမ်းပတ် လည်း ပါဝင်နေပါတယ်။

ခရစ္စတယ် ပဲလေ့စ် အသင်းရဲ့ ပစ်မှတ်အဖြစ် အစောပိုင်းက သတ်မှတ်ခံထားရတဲ့ အန်ဒိုနီ အီရာအိုလာ ဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် လီဗာပူးအသင်းနဲ့ တရားဝင်ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် ခရစ္စတယ် ပဲလေ့စ် အနေနဲ့ အခြားပစ်မှတ်တွေဆီ ပြောင်းလဲဖို့ ပြင်ဆင်နေတယ်လို့ Sky Sports News က ဖော်ပြထားပါတယ်။

ဒါ့အပြင် ခရစ္စတယ် ပဲလေ့စ် အသင်းကြီးကြပ်ရေးအဖွဲ့ရဲ့ စဉ်းစားမှုထဲမှာ ပီအဲလ် ဆေ့ချ် နဲ့ ဒီနို တော့ပ်မူလာ တို့လည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဘယ်သူက အဓိကရေပန်းစားနေလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးသလို ဆွေးနွေးမှုတွေကလည်း အစောပိုင်းအဆင့်မှာပဲ ရှိပါသေးတယ်။

မူလက အန်ဒိုနီ အီရာအိုလာ ကို ခရစ္စတယ် ပဲလေ့စ် အသင်းက ပထမဦးစားပေးအဖြစ် လိုချင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီစပိန်လူမျိုးနည်းပြဟာ ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းကြီး တစ်သင်းသင်းဆီကိုပဲ အနှေးနဲ့အမြန် ပြောင်းရွှေ့ကိုင်တွယ်လိမ့်မယ်လို့ အသင်းတွင်းမှာ အမြဲတမ်းမျှော်မှန်းထားခဲ့ကြပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *