ချဲလ်ဆီးတွင် ရုန်းကန်နေရသည့် ဂါနာချို ကို အီတလီထိပ်သီးကလပ်များ ခေါ်ယူရန် ချိန်ရွယ်နေ

ဂါနာချို ချဲလ်ဆီး အပြောင်းအရွှေ့

မန်ချက်စတာယူနိုက်တက် အသင်းကနေ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ကြေးအများအပြားနဲ့ ရောက်ရှိလာခဲ့ပြီး တစ်နှစ်အကြာမှာတင် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဂါနာချို ဟာ လန်ဒန်ကလပ်ကနေ အမြန်ဆုံးပြန်လည်ထွက်ခွာရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

လန်ဒန်မြေမှာ မျှော်မှန်းထားသလို ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဒီကစားသမားကို ချဲလ်ဆီး အသင်းက ပြန်လည်ရောင်းချဖို့ စဉ်းစားလာတာကြောင့် အီတလီရဲ့ ထိပ်သီးကလပ်အသင်းတွေက အာရုံစိုက်လာကြတာပါ။

မက်ဒရစ်ဖွား တောင်ပံကစားသမား ဂါနာချို ဟာ ကြီးမားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့ စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းရဲ့ ဖိအားတွေအောက်မှာ ရုန်းကန်ခဲ့ရတာကြောင့် အသင်းအုပ်ချုပ်သူတွေက သူ့ကိုအမြန်ဆုံးအပြောင်းအရွှေ့ပြုလုပ်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးမပြသနိုင်ခဲ့တဲ့ ရာသီတစ်ခုအပြီးမှာတော့ ချဲလ်ဆီး အသင်းက ဂါနာချို ကို အရောင်းစာရင်းတင်လိုက်ပြီလို့ သတင်းများက ဖော်ပြနေပါတယ်။

ဂါနာချို ဟာ ပြီးခဲ့တဲ့နွေရာသီက ယူရို ၄၇ သန်းဝန်းကျင်ရှိမဲ့အပြောင်းအရွှေ့အပြင် နောက်နောင်ပြန်လည်ရောင်းချရမှုကနေ မန်ချက်စတာယူနိုက်တက် အသင်းက ၁၀ ရာခိုင်နှုန်းရရှိမဲ့ စာချုပ်အချက်အလက်တွေနဲ့အတူ ချဲလ်ဆီး ကို ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိတဲ့ ရလဒ်ကတော့ အလွန်နည်းပါးခဲ့ပါတယ်။

ဒီတောင်ပံကစားသမားဟာ ပြိုင်ပွဲစုံမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာ ၁ ဂိုးစီသာ သွင်းယူနိုင်ခဲ့တာပါ။ ဂိုးသွင်းယူနိုင်မှု နည်းပါးရုံတင်မကဘဲ ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့်လည်း အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ပယ်ထုတ်ခြင်း ခံခဲ့ရပါတယ်။

အင်္ဂလန်မှာ ရုန်းကန်နေရပေမဲ့ အီတလီမှာတော့ သူ့ရဲ့အရည်အချင်းအပေါ် အထင်ကြီးနေကြဆဲဖြစ်ပြီး ဈေးကွက်တန်ဖိုး မြင့်မားနေဆဲပါ။ နာပိုလီ အသင်းဟာ ဒီလူငယ်ကစားသမားကို ရေရှည်အကြိုက်တွေ့နေခဲ့တာဖြစ်ပြီး နည်းပြ အန်တိုနီယို ကွန်တီ က ဟာဗစ်ချာ ကွာရတ်စခီလီယာ ရဲ့ နေရာကို အစားထိုးဖို့အတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။

အဲ့ဒီအချိန်တုန်းက မန်ချက်စတာယူနိုက်တက် အသင်းက ယူရို ၆၅ သန်းကနေ ၇၀ သန်းအထိ အလိုရှိကြောင်း ပြောဆိုခဲ့တာကြောင့် နာပိုလီ ဘက်က လက်တွန့်သွားခဲ့ပေမဲ့ အခုအချိန်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီး ဒီယေဂို အာမန်ဒို မာရာဒိုနာ ကွင်းဆီ ပြောင်းရွှေ့ဖို့ လမ်းစပွင့်လာခဲ့ပြီ ဖြစ်ပါတယ်။

နာပိုလီ အသင်းတင်မကဘဲ အီတလီထိပ်သီးအသင်းအချို့လည်း ဒီအပြောင်းအရွှေ့ထဲ ပါဝင်လာကြောင်း ASRomaLive သတင်းအရ သိရပါတယ်။ ဂျုဗင်တပ်စ်အေစီမီလန် နဲ့ ရိုးမား အသင်းတို့ဟာ ကြားခံလူတွေကတစ်ဆင့် ဒီတောင်ပံကစားသမားရဲ့ အချက်အလက်တွေကို လက်ခံရရှိထားကြပါတယ်။

ဒီသုံးသင်းစလုံးဟာ တိုက်စစ်တောင်ပံနေရာအတွက် အားဖြည့်ဖို့ ရှာဖွေနေကြတာဖြစ်ပြီး တစ်ချိန်က ကမ္ဘာ့အလားအလာအရှိဆုံး လူငယ်ခြေတက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကစားသမားကို ပြန်လည်ပျိုးထောင်ပေးဖို့ စိတ်ဝင်စားနေကြတာပါ။ ပရီးမီးယားလိဂ်မှာ အဆင်မပြေဖြစ်ခဲ့သူတွေကို ကယ်တင်ရှင်ဖြစ်စေခဲ့တဲ့ စီးရီးအေလိဂ်ရဲ့ ဆွဲဆောင်မှုဟာ ရုန်းကန်နေရတဲ့ ဂါနာချို ရဲ့ ကစားသမားဘဝကို ပြန်လည်အသက်သွင်းဖို့ အကောင်းဆုံးနေရာ ဖြစ်လာနိုင်ပါတယ်။

Source : https://www.goal.com/

Leave a Reply

Your email address will not be published. Required fields are marked *