ဖာနန်ဒက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အထိ ဝက်စ်ဟမ်း တောင်းဆိုမည်ဖြစ်ပြီး မန်ယူ ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေ

မာတီးယပ်စ် ဖာနန်ဒက်စ် အတွက် ဝက်စ်ဟမ်း အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အထိ တောင်းဆို

ဖာနန်ဒက်စ် အတွက် ပေါင်သန်း ၈၀ ဝက်စ်ဟမ်း တောင်းဆိုမည်’။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ် အတွက် ဝက်စ်ဟမ်း အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၈၀ မီလီယံ (ပေါင်သန်း ၈၀) အထိ တောင်းဆိုဖို့ ပြင်ဆင်နေကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Sky Sports News ရဲ့ ဖော်ပြချက်အရ ဒီပေါ်တူဂီ ကွင်းလယ်လူဟာ မန်ယူ အသင်းအနေနဲ့ ကွင်းလယ်ပိုင်းအတွက် ခေါ်ယူဖို့ စဉ်းစားနေတဲ့ ပစ်မှတ်တွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့ရတာကြောင့် ဖာနန်ဒက်စ် အတွက်တော့ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်ပတန် အသင်းနဲ့အတူ တန်းဆင်းခဲ့ရပြီးနောက် အင်္ဂလန် ထိပ်တန်းလိဂ်ကနေ ဒုတိယအကြိမ်မြောက် ဆက်တိုက် တန်းဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်

သတင်းပေးချက်တွေအရ အနာဂတ်မှာ ပြန်လည်ရောင်းချမှုကနေ ရာခိုင်နှုန်းရရှိမဲ့ စာချုပ်အချက်အလက် (Sell-on clause) အရ ဖာနန်ဒက်စ် ရဲ့ အပြောင်းအရွှေ့ကြေးထဲကနေ ၁၅ ရာခိုင်နှုန်းကို ဆောက်သမ်ပတန် အသင်းက ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *