အောက်တိုဘာ ၅ ရက်က KST မီဒီယာရဲ့ဖော်ပြချက်အရ တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့၊ T-ara ရဲ့ အဖွဲ့ဝင်ဟောင်း၊ အဆိုတော်၊ မင်းသမီး ဂျီယွန်း(၃၁)နှစ်နဲ့ ခင်ပွန်းဖြစ်သူ ဘေ့စ်ဘောကစားသမား ဟွမ်ဂျေဂျွန် (၃၇) နှစ်တို့ဟာ ကွာရှင်းပြတ်စဲဖို့ လျှောက်ထားကြတယ်လို့ သိရပါတယ်။
၄င်းတို့စုံတွဲဟာ ပြီးခဲ့တဲ့လက ကွာရှင်းပြတ်စဲဖို့ လျှောက်ထားခဲ့ကြတာဖြစ်ပြီး မကြာမီ လုပ်ငန်းစဉ် စတင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့စုံတွဲရဲ့ကွာရှင်းပြတ်စဲမှုဆိုင်ရာ ကောလာဟလတွေကတော့ ဘေ့စ်ဘော ဝေဖန်သူ တစ်ဦးက ရေဒီယိုထုတ်လွှင့်မှုတစ်ခုမှာ “မင်းသိလား ဘေ့စ်ဘောကစားသမား ဟွန်ဂျေဂျွန် ကွာရှင်းတော့မယ်ဆို တာ” ဆိုတဲ့စကားပြောခဲ့ပြီးနောက်ပိုင်း ဇွန်လကုန်ကတည်းက စတင်ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က ဂျီယွန်းကလည်း Youtube ပေါ်က သူ့ရဲ့လှုပ်ရှားမှုတွေကို အနားယူတော့မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဂျီယွန်းနဲ့ ဟွမ်ဂျေဂျွန်တို့ စုံတွဲဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Source : allkpop.com
#xda77 #xda77digital #ဂျီယွန်း #ကွာရှင်းပြတ်စဲ