PSG လမ်းခွဲလိုက်ပြီးနောက် ယန် ဒီယိုမန်ဒေ ရီးရဲလ်မက်ဒရစ် နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိ

ယန် ဒီယိုမန်ဒေ ရီးရဲလ်မက်ဒရစ် ပြောင်းရွှေ့ကြေး

အာဘီ လိုက်ပ်ဇစ် အသင်းရဲ့ တောင်ပံကစားသမား ယန် ဒီယိုမန်ဒေ ကို ပီအက်စ်ဂျီ အသင်းက စိတ်ဝင်စားမှု ရုပ်သိမ်းသွားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။

အသက် ၁၉ နှစ်အရွယ် အိုင်ဗိုရီကိုစ့် လက်ရွေးစင် ကစားသမားကို ဇွန်လတုန်းက လီဗာပူးလ် အသင်းက ပေါင် ၆၉ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရဖူးပြီး ပီအက်စ်ဂျီ အသင်းကလည်း ခေါ်ယူဖို့ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းက တခြားပစ်မှတ်တွေဆီ ဦးလှည့်သွားခဲ့သလို ပီအက်စ်ဂျီ အသင်းကလည်း ရီးရဲလ်မက်ဒရစ် နဲ့ ဈေးပြိုင်လုယက်မှု မလုပ်ချင်တော့တာကြောင့် အပြိုင်ကမ်းလှမ်းမှုကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ တနင်္ဂနွေနေ့က ထိုလူငယ်ကစားသမားအတွက် နောက်ဆုံးအဖြစ် ပေါင် ၁၀၂.၅ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းက အင်္ဂလန် ကွင်းလယ်လူ ဂျူးဒ် ဘယ်လင်ဟမ် ရဲ့ စာချုပ်ပုံစံအတိုင်း စွမ်းဆောင်ရည်ပေါ် မူတည်ပြီး တစ်နှစ်ထက်တစ်နှစ် လစာပိုမို တိုးတက်ရရှိမဲ့ စာချုပ်ဆိုင်ရာ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နွေရာသီက စပိန်ကလပ် လီဂါနက်စ် အသင်းကနေ အာဘီ လိုက်ပ်ဇစ် ကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ယန် ဒီယိုမန်ဒေ အတွက် ရီးရဲလ်မက်ဒရစ် အသင်းက ပေါင် သန်း ၁၀၀ ကျော် သုံးစွဲရဖွယ် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေရဲ့အဆိုအရ အဓိက စေတမန်တွေဖြစ်ကြတဲ့ ဟိုဆေး အန်ဂျယ် နဲ့ ဂျူနီ ကာလာဖတ် တို့ဟာ ယန် ဒီယိုမန်ဒေ ကို ၅ နှစ်နီးပါးကြာ စောင့်ကြည့်ကင်းထောက်ခဲ့ကြတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ခြေစွမ်းပြမှုကြောင့်သာ ရုတ်တရက် စိတ်ဝင်စားခဲ့ခြင်းမျိုး မဟုတ်ဘူးလို့ သိရပါတယ်။

အာဘီ လိုက်ပ်ဇစ် အသင်းဟာ တိုက်စစ်မှူးကို ဂျာမနီမှာ ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့လည်း ယန် ဒီယိုမန်ဒေ အပေါ် လာရောက်တဲ့ စိတ်ဝင်စားမှုတွေက လွန်စွာကြီးမားလွန်းတယ်လို့ ယူဆထားကြတာကြောင့် ဥရောပ ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ စံချိန်တင်ရရှိလာနိုင်တဲ့ ပြောင်းရွှေ့ကြေးပမာဏကို ငြင်းပယ်ဖို့ ခက်ခဲသွားခဲ့တာပါ။

ယန် ဒီယိုမန်ဒေ ဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ ၁၂ ဂိုးသွင်းယူပြီး ၈ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် ၂၀၂၅-၂၆ ရာသီ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူက ၂၀၂၅ ခုနှစ်မှာ မွေးရပ်မြေ အိုင်ဗိုရီကိုစ့်ကနေ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အကယ်ဒမီတစ်ခုကို ပြောင်းရွှေ့ခဲ့ပြီး ထိုမှတစ်ဆင့် စပိန်ကလပ် လီဂါနက်စ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *