တောင်ကိုရီးယား နာမည်ကျော်ရုပ်ရှင်မင်းသမီး ကင်ယိုဂျန်သည် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းကလေးငယ်များကို ထောက်ပံ့ရန်အတွက် ဝမ်သန်း (၁၀၀)လှူဒါန်းခဲ့ကြောင်း သိရသည်။
ကင်ယိုဂျန်သည် တစ်ဦးတည်းနေထိုင်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းကလေးငယ်များ အပါအဝင် အကူအညီလိုအပ်နေသူများကို ကူညီရန်အတွက် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလ(၉) ရက်တွင် ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။
ကင်ယိုဂျန်၏ အေဂျင်စီအဆိုအရ ၎င်းသည် သက်ကြီးရွယ်အိုထောက်ပံ့ရေးစင်တာနှင့် Green Umbrella Children’s ဖောင်ဒေးရှင်းတို့ကို ပြီးခဲ့သည့်လတွင် ဝမ်သန်း (၅၀)စီ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကင်ယိုဂျန်သည် တစ်ဦးတည်းနေထိုင်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းကလေးငယ်များကို ပိုမိုကောင်းမွန်သောအခြေအနေ များတွင် ကျန်းမာစွာနေထိုင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ယခုကဲ့သို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း Awesome ENT ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

၎င်းက ‘‘ဒီလှူဒါန်းမှုဟာ သက်ကြီးရွယ်အိုတွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှု၊ မိသားစု ထောက်ပံ့မှုမရှိတဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ပြန်လည်ထူထောင်ရေး၊ ဆေးဝါးစရိတ်နဲ့ စောင့်ရှောက်မှု စရိတ်တို့ကို ပံ့ပိုးပေးသွား မှာဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း ယခုကဲ့သို့ လှူဒါန်းမှုသည် ယခုနှစ်အတွင်း ကင်ယိုဂျန်၏ ပထမဆုံးအကြိမ် လှူဒါန်းမှုတစ်ခု မဟုတ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကင်ယိုဂျန်သည် Korea Pediatric Cancer ဖောင်ဒေး ရှင်းကို ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့ပြီး ကင်ဆာ၊သွေးကင်ဆာနှင့် ရှားပါးရောဂါများခံစားနေရသော ကလေးငယ်များကို နွေးထွေးစွာ ကူညီပံ့ပိုးပေးမှုများလုပ်ဆောင်ခဲ့ ကြောင်းသိရသည်။
ထို့ပြင် (၂၀၂၀)ပြည့်နှစ်တွင် ကင်ယိုဂျန်သည် Green Umbrella Children’s ဖောင်ဒေးရှင်းအတွင်းရှိ အလှူရှင်အဖွဲ့ကြီးတစ်ခုဖြစ်သည့် Green Noble Club ၏ အသက်အငယ်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
Source : allkpop.com
#xda77 #xda77digital #ကင်ယိုဂျန် #ဝမ်သန်း(၁၀၀)လှူဒါန်း