ပရိသတ်တွေ စောင့်မျှော်ခဲ့ရတဲ့ Spider-Man 4 ဇာတ်ကားကို လာမဲ့နှစ် ၂ဝ၂၅ ခုနှစ်၊ နွေရာသီမှာ စတင်ရိုက်ကူးမယ်လို့ Spider Man မင်းသား တွမ်ဟော်လန်က ပြောကြားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် မင်းသား တွမ်ဟော်လန်ဟာ လွန်ခဲ့တဲ့ (၃)နှစ်လောက်က “Spider-Man: No Way Home” ဇာတ်ကား နောက်ဆုံးထွက်ရှိခဲ့ပါတယ်။ မကြာသေးမီက The Tonight Show မှာ အစီအစဉ်မှူးဖြစ်တဲ့ ဂျင်မီဖာလန်က အဆိုပါရုပ်ရှင်နဲ့ ပတ်သက်ပြီး ဟော်လန်ကို မေးမြန်းခဲ့ရာမှာ သူက
“ဟုတ်ပါတယ်၊ နောက်နှစ်နွေရာသီ ကျွန်တော်တို့ ရိုက်ကူးဖို့ရှိပါတယ်၊ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ၊ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်၊ ကျွန်တော် မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Spider Man 4 ကို Shang-Chi And The Legend of the Ten Rings ရုပ်ရှင်ဒါရိုက်တာ ဒက်စတင်ဒယ်နီရယ်ခရီတန်က ရိုက်ကူးမှာဖြစ်ပြီး Spider Man (ပီတာ)အဖြစ် – ဟော်လန်နဲ့ မစ်ချယ်ဂျုံးဝတ်ဆွန်အဖြစ် ချစ်သူ ဇန်ဒါရာတို့က အသီးသီး ပြန်လည်သရုပ် ဆောင်ကြမှာဖြစ်ပါတယ်။

Source : ign.com
#xda77 #xda77digital #တွမ်ဟော်လန် #Spider-Man4