တောင်ကိုရီးယားသရုပ်ဆောင် မင်းသမီးကြီး ကင်ဆိုမီ ကွယ်လွန်

တောင်ကိုရီးယားသရုပ်ဆောင် မင်းသမီးကြီး ကင်ဆိုမီ ကွယ်လွန်

တောင်ကိုရီးယားသရုပ်ဆောင် မင်းသမီးကြီး ကင်ဆိုမီဟာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။တောင်ကိုရီးယားဆိုးလ်မြို့ရဲစခန်းက အောက်တိုဘာ ၂၅ ရက်၊ နံနက် ၈ နာရီမှာ သူမဟာ နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကင်ဆိုမီဟာ ပြီးခဲ့တဲ့ မေလကတည်းက ကျန်းမာရေးပြဿနာတွေ ရှိနေခဲ့တာဖြစ်ပြီး ဆေးရုံမပြတ်တက်နေရတာဖြစ်ပါတယ်။ မင်းသမီးကြီး ကင်ဆိုမီဟာ တောင်ကိုရီးယားရုပ်ရှင် ဒရာမာတွေမှာ မကြာခဏ ပါဝင်လေ့ရှိပြီး လူသိများတဲ့ မင်းတစ်လက်ဖြစ်ပါတယ်။

သူမဟာ “Mother’s Touch” “Marrying the mafia” “The Last Empress” “Mr.Zoo” ဒရာမာ ဇာတ်လမ်းတွေနဲ့ နာမည်ကျော်ပါတယ်။ အနုပညာလောကထဲကို အသက်၂၁ နှစ်ကစ ဝင်ရောက်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၇၅ နှစ် ရှိပြီဖြစ်ပါတယ်။

Marrying the mafia
Country Diaries

Source : nme.com

#xda77 #xda77digital #ကင်ဆိုမီ #တောင်ကိုရီးယားသရုပ်ဆောင်

Leave a Reply

Your email address will not be published. Required fields are marked *