‘Emily in Paris” ဇာတ်ကားထဲမှာ ပါဝင်တဲ့ ပြင်သစ်မင်းသား လူးကတ်ဘရာဗိုဟာ သူ့ရဲ့ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး မှတ်ချက်အချို့ ပေးလာခဲ့ပါတယ်။
လူးကတ်ဟာ ‘Emily in Paris’ မှာ ၂၀၂၀ ပြည့်နှစ် ပွဲဦးထွက်ကတည်းက ထွက်သမျှ Season ၄ ခု လုံးမှာ ဇာတ်ကောင် Emily ရဲ့ချစ်သူ Parisian စားဖိုမှူး ဂါဘရီရယ်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ နာမည်ကြီး Netflix ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပေမဲ့ သူကတော့ ဇာတ်ကောင်ကို သဘောမကျဘူးလို့ ဆိုပါတယ်။
“Sexy ကျတဲ့ စားဖိုမှူး ဂါဘရီရယ် ဇာတ်ကောင်ဟာ Season 1 မှာ ကတည်းက ဇာတ်လမ်း အစိတ်အပိုင်း များစွာမှာ ဝင်ခဲ့ရပေမယ့် Season တစ်ခုပြီးတစ်ခု ရောက်ရှိလာချိန်မှာ ဂါဘရီရယ်ဇာတ်ကောင်အတွက် တိကျသေချာတဲ့ လမ်းညွန်ပြသမှု မရှိတော့ဘူး” လို့ ဘရာဗိုက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
“အရမ်းကြိုက်တဲ့ဇာတ်ရုပ်ကို ရိုက်ကူးရတာပျော်ပေမဲ့၊ တဖြည်းဖြည်းချင်း ကာရိုက်တာပုံစံ ဦးတည်ချက်မရှိ ပြောင်းလဲသွားတာကတော့ ကျွန်တော့်အတွက် ပျော်စရာမကောင်းပါဘူး” လို့လည်း သူက ဆိုပါ တယ်။
“Emily in Paris” ဇာတ်ကားကို လီလီကောလင်း၊ အရှည်ပက်ခ်၊ ဖိလစ်ပင်လာရေးဘရူလီယု၊ ကိတ်ဝါ့ရှ်၊ ကမ်မလာရာဇက်နဲ့ လူစီယံလာဗစ်စ်ကောင့်တို့ ပါဝင်သရုပ်ထားတာဖြစ်ပြီး အားပေးသူပရိသတ်များစွာ ရရှိထားတာဖြစ်ပါတယ်။

Source : edition.cnn.com
#xda77 #xda77digital #လူးကတ်စ်ဘရာဗို #EmilyinParis