Twice အဖွဲ့ဝင် ဆာနာဟာ သောကြာနေ့ (နိုဝင်ဘာ ၈ ရက်) က ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ginza မှာ ကျောက်မျက်ရတနာ Graff က ကျင်းပတဲ့ပွဲတစ်ခုမှာ ယန်း ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅ သန်း) တန်တဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

သူမဟာ ဗဟိုစိန် ၁၀၂.၃၈ ကာရက်ကို အရံစိန် ၂၀၅ ကာရက်ကျော်နဲ့ ခြယ်သစီရင်ထားတဲ့လည်ဆွဲတစ်ခုကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ လည်ဆွဲရဲ့ဗဟိုစိန်ကို Meya Prosperity စိန်ကြမ်းကနေ ဖြတ်တောက်အလှဆင်ထားတာဖြစ်ပြီး ကမ္ဘာမှာ ၂၉ ခုမြောက် အကြီးဆုံးစိန်လည်း ဖြစ်ပါတယ်။
အဆိုပါ လည်ဆွဲနဲ့အတူ ဆာနာဟာ စိန်လက်စွပ်တစ်ကွင်း၊ စိန်နားကပ်နဲ့ စိန်လက်ကောက်တစ်လက်တို့ကို တွဲဖက်ဝတ်ဆင်ထားတာကြောင့် အဲဒီနေ့က သူမ ဝတ်ဆင်ခဲ့တာဟာ စုစုပေါင်း စိန်တန်ဖိုး ၂၅၂ ကာရက်ခန့် ရှိမယ်လို့ သိရပါတယ်။
ဆာနာဟာ လက်ရှိ Twice အဖွဲ့ဝင် Momo ၊ မီနာတို့နဲ့ အတူ ၃ ယောက်သီချင်း အယ်လ်ဘမ်သစ် Haute Couture ကို ပရိုမိုးရှင်းလုပ်ဖို့ ဂျပန်နိုင်ငံမှာ ရှိနေပြီး ဖျော်ဖြေရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Source: allkpop.com
#xda77 #xda77digital #Twice #ဆာနာ #ဂျပန် #လက်ဝတ်ရတနာ #Graff #MeyaProsperity #စိန် #HauteCouture #Kpop #Fashion #CelebrityStyle