BLACKPINK ရဲ့ အဖွဲ့ဝင် Rose နဲ့ အမေရိကန်အဆိုတော် အကျော်အမော် ဘရူနိုမားစ် တို့ collaborate လုပ် သီဆိုထားတဲ့ “APT” သီချင်း MV ဟာ စံချိန်တင်မြန်နှုန်းနဲ့ ကြည့်ရှုသူ သန်း ၃၀၀ ကျော်ထိ အချိန်တိုအတွင်း ရောက်ရှိလာခဲ့ပါတယ်။
နိုဝင်ဘာလ ၉ ရက် ည ၇ နာရီ ၃ဝ မိနစ်ခန့်မှာ Rose နဲ့ ဘရူနိုရဲ့တေးသီချင်းဗီဒီယိုဟာ YouTube မှာ ကြည့်ရှုသူ သန်း ၃၀၀ ကျော်သွားခဲ့ပါတယ်။ အဆိုပါသီချင်းဟာ အောက်တိုဘာ ၁၈ ရက်က ထွက်ရှိခဲ့တာဖြစ်ပြီး တစ်လ မပြည့်ခင်၊ ရက်ပေါင်း ၂၂ ရက်နဲ့ ကြည့်ရှုသူ အမြင့်ဆုံး စံချိန်တစ်ခုကို ရောက်ရှိလာခဲ့တာပါ။
ဒါ့ပြင် “APT” ဟာ K-pop တစ်ကိုယ်တော် သီချင်းတွေထဲမှာ ယခင်က ကြည့်ရှုသူ သန်း ၃၀၀ ပြည့်ခဲ့တဲ့ PSY ရဲ့ ၂၀၁၃ ခုနှစ် ထွက် “Gentleman” သီချင်း MV ရဲ့ ကြည့်ရှုသူစံချိန်ကိုလည်း ချိုးဖျက်ပြီး စံချိန်သစ်တင်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ ပထမဆုံး သီချင်းလည်းဖြစ်လာခဲ့ပါတယ်။


Source : soompi.com
#BLACKPINK #Rose #BrunoMars #APT #Kpop #MusicVideo #YouTube #Collaboration #Gentleman #RecordBreaking