Spider-Man ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင်များဖြစ်ကြတဲ့ မင်းသမီး ဇန်ဒါယာ၊ မင်းသားတွမ်ဟောလန် တို့ စုံတွဲဟာ စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေက တနင်္လာနေ့ (ဇန်နဝါရီ ၆ ရက်) မှာ ပြောကြားပါတယ်။

အသက် ၂၈ နှစ်အရွယ် ဇန်ဒါယာဟာ တနင်္ဂနွေနေ့ည(ဇန်နဝါရီ ၅ ရက်) က ကော်ဇောနီပေါ်မှာ သူမရဲ့ လက်ချောင်းပေါ်က စိန်လက်စွပ်ကြောင့် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားထဲ ထင်ကြေးအမျိုးမျိုး ထွက်ပေါ်လာခဲ့တာပါ။
တနင်္လာနေ့ (ဇန်နဝါရီ ၆ ရက်) က ထွက်ရှိတဲ့ သတင်းတစ်ခုမှာတော့ ၂၀၂၁ ခုနှစ်ကတည်းက တွဲခုတ်ခဲ့ကြတဲ့ ၄င်းတို့စုံတွဲ ဟာ ခရစ္စမတ်ကာလအတွင်းမှာ အဆင့်တက်သွားကြပြီဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၂၈ နှစ်အရွယ် ဗြိတိန်မင်းသား တွမ်ဟောလန်ဟာ အမေရိကန်ပြည်ထောင်စုရှိ၊ ဇန်ဒါယာရဲ့မိသားစု နေအိမ် တစ်ခုမှာပဲ ဒူးတစ်ဖက်ထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ TMZ က ပြောကြားပါတယ်။
ဇန်ဒါယာနဲ့ တွမ်ဟော်လန်တို့ စုံတွဲဟာ Spider-Man: Homecoming ဇာတ်ကားမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

Source : pedestrian.tv